ရှေ့သို့
Image

ဂရင်းဝုဒ်အတွက် လက်တွေ့မကျတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုလိုက်တဲ့ ယူနိုက်တက်

1:41 PM, 14 April

အိုးထရက်ဖို့ဒ်ရဲ့ အဝေးမှာ ကစားသမားဘဝ ပြန်လည်စတင်ရန် ယူနိုက်တက်က ဆုံးဖြတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ရဲ့ နောက်ဆုံးနာရီတွင် အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ဂီတာဖေးသို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။ဂရင်းဝုဒ်ဟာ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု၊ ထိန်းချုပ်ရန်နှင့် ချေမှုန်းရန် ကြိုးပမ်းမှုဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဖမ်းဆီးခံခဲ့ရပြီးကတည်းက ယူနိုက်တက်အတွက် ကစားပေးခြင်း မရှိခဲ့တာပါ။

ဂရင်းဝုဒ်အပေါ် စွဲချက်အားလုံးကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ရုပ်သိမ်းခဲ့ပြီး သူ့ကိုအသင်းမှာ ဆက်ထားဖို့အတွက်ဆိုးရွားတဲ့ တုံ့ပြန်မှုများ မရရှိမီ ယူနိုက်တက်ဟာ တန်ဟက်ရဲ့လူစာရင်းတွင် ပြန်လည်ထည့်သွင်းဖို့ စဉ်းစားခဲ့ပါသေးတယ်။ယူနိုက်တက်ဟာ လာမယ့်လကုန်တွင် ဂီတာဖေးထံ အငှားချထားတဲ့ ဂရင်းဝုဒ်ရဲ့ အနာဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်အသစ်ကို ချရတော့မှာဖြစ်ပါတယ်။

ESPN ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဂရင်းဝုဒ်အား ပြန်လည်ခေါ်ယူမှာသော်လည်း ပေါင်သန်း ၃၀ ဆိုဈေးကတော့ ဥရောပဈေးကွက်တွင် လက်တွေ့မကျနေတာဖြစ်ပါတယ်။ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ်တို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဂျူဗင်တပ်စ်ကတော့ တိုက်စစ်မှူးအတွက် နောက်ထပ်ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ဂရင်းဝုဒ်ကို ခေါ်ယူရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့ လာဇီယိုကလည်း ပြန်လည်စိတ်ဝင်စားလာနိုင်ပါတယ်။ESPN ကတော့ ဂရင်းဝုဒ်ဟာ ယူနိုက်တက်ရဲ့ပထမအသင်းသို့ ပြန်လာရန်အလားအလာက မဖြစ်နိုင်ဘူးလို့ ဖော်ပြထားပါတယ်။တစ်ချိန်တည်းမှာပဲ ဂီတာဖေးဟာ ဂရင်းဝုဒ်ကို နောက်ထပ်ရာသီအတွက် ဆက်လက်ထိန်းသိမ်းထားရန် စိတ်အားထက်သန်ကြောင်း ရှင်းလင်းစွာပြောကြားခဲ့ပါတယ်။

"နောက်ဆုံးမှာတော့ သူ့ရဲ့အနာဂတ်နှင့်ပတ်သက်ပြီး ကစားသမားရဲ့ ရည်မှန်းချက်အတွက်ပါ ကလပ်က ဆုံးဖြတ်ချက်ချပြီးပါပြီ""ဒါပေမယ့် သူ့ရဲ့ အပြုအမူနဲ့ သူ့ရဲ့ စွမ်းဆောင်မှုတွေကြောင့် ကျွန်တော်တို့ ပျော်ရွှင်တယ်လို့ ပြောနိုင်ပါတယ်" လို့ ဂီတာဖေးရဲ့နည်းပြချုပ် ဘော်ဒါလက်စ်က ပြောပါတယ်။ဂရင်းဝုဒ်ရဲ့ လက်ရှိစာချုပ်ဟာ လာမယ့်နှစ်တွင် ကုန်ဆုံးမှာဖြစ်သော်လည်း ယူနိုက်တက်ဘက်က ၁၂ လ သက်တမ်းတိုးရန် ရွေးချယ်ခွင့်ရှိနေပါတယ်။


#မန်ချက်စတာယူနိုက်တက် #ဂီတာဖေး #ဂရင်းဝုဒ်