ရှေ့သို့
Image

ကိုဗင်ထရီနှင့်ပွဲက အန်တိုနီရဲ့အပြုအမူနှင့် ပတ်သက်ပြီးပြောကြားလိုက်တဲ့ တန်ဟက်

1:12 PM, 24 April

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ကိုဗင်ထရီကို အနိုင်ယူပြီးနောက် သူ့ရဲ့ယူနိုက်တက်အသင်းရဲ့ ဆက်ဆံမှုဟာ ဆိုးရွားပါတယ်လို့ တန်ဟက်က ပြောကြားလိုက်ပါတယ်။

ဝင်ဘာလေတွင် ပွဲပြီးဖို့ မိနစ် ၂၀ အလိုအထိ ၃-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့် ချန်ပီယံရှစ်အသင်းရဲ့ အချိန်ပိုသွင်းဂိုးကို လူကျွံဘောအဖြစ်သတ်မှတ်ခဲ့တာကြောင့် ပင်နယ်တီတွင် အနိုင်ရခဲ့ပြီးနောက် ယူနိုက်တက်ဟာ အားကစားဝေဖန်သူတွေနဲ့ ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့ ရှက်ဖီးယူနိုက်တက်နှင့် ယှဉ်ပြိုင်ရမည့် ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်မှုကို နားလည်မှုရှိ မရှိ မေးခွန်းကို မေးခံရချိန်မှာ တန်ဟက်က "မဟုတ်ဘူး၊ လုံးဝမဟုတ်ပါဘူး" "မေးခွန်းက ရှက်စရာလားဆိုတော့ မဟုတ်ပါဘူး။ ခင်များတို့ရဲ့ တုံ့ပြန်မှုကသာ ရှက်စရာကောင်းပါတယ်။ ထိပ်တန်းဘောလုံးပွဲဆိုတာက ရလဒ်တွေအကြောင်းပဲပြောကြာတာပါ။ ကျွန်တော်တို့က ဖိုင်နယ်သို့ရောက်နေပြီး ဒီပွဲမှာတင်မကဘဲ တခြားပွဲတွေနဲ့ပါ ထိုက်တန်ပါတယ်"

"ကျွန်တော်တို့က မိနစ် ၂၀ လောက် ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ရပါတယ်။ ၃-၂ ဂိုး၊ ၃-၃ ဂိုးအထိဖြစ်ခဲ့ပြီး ကံမကောင်းခဲ့ပါဘူး။ နောက်ဆုံးမှာတော့ အရမ်းကံကောင်းခဲ့ပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပါပဲ။ ပင်နယ်တီက အရမ်းကောင်းပြီး ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ကာ ဒါဟာကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါ။ ၂ နှစ်အတွင်းမှာ ဖိုင်နယ်သို့ ၂ကြိမ်ရောက်ရှိတာက ခမ်းနားပါတယ်" "နည်းပြ တစ်ယောက်အနေနဲ့ ၄ နှစ်အတွင်း ဖလား ၄ လုံးရဲ့ ဖိုင်နယ်ဖိုင်နယ်ကို ရောက်ခဲ့ပါတယ်။ မှတ်ချက်တွေဟာ အရမ်းဆိုးရွားပါတယ်"လို့ ပြောပါတယ်။

ဟွိုက်လန်းရဲ့ ပင်နယ်တီ သွင်းယူပြီးချိန်မှာတော့ ကိုဗစ်ထရီကစားသမားတွေဘက်သို့လှည့်ကာ အန်တိုနီက နားနားသို့ လက်တင်ပြီး လှောင်ပြောင်တဲ့ အမူအရာလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ တောင်ပံကစားသမားက မှားတယ်လို့ တန်ဟက်က လက်ခံထားပေမယ့် ဒေါသဖြစ်နေတယ်လို့ အခိုင်အမာပြောထားပြီး "အဲဒါကြောင့် ဒါက တုံ့ပြန်မှုတစ်ခုပါ။ သူဒေါသထွက်နေတာကို မမြင်ခဲ့ဘဲ ခင်များတို့က သူ့ရဲ့ တုံ့ပြန်မှုကိုသာ မြင်ခဲ့ကြတာပါ။ ဒါပေမယ့် သူအဲ့ဒီလိုမလုပ်သင့်ပါဘူး" "မက်ဂွါရီဆိုရင် ချက်ချင်းဘဲ ပြိုင်ဘက်ကစားသမားတွေထံ သွားရောက်နှစ်သိမ့်ခဲ့ပြီး အခြားသူတွေကလည်း သွားရောက်ခဲ့ပါတယ်။ ဒီအထိရောက်လာတဲ့ ကိုဗင်ထရီရဲ့ စွမ်းဆောင်ရည်နဲ့ comeback လုပ်နိုင်မှုကို အသိအမှတ်ပြုသင့်ပါတယ်။ ကျွန်တော်တို့က မိနစ် ၇၀ လုံးလုံး လွှမ်းမိုးထားပြီး အခွင့်အရေးများစွာ ဖန်တီးနိုင်နေတာကိုလည်း မြင်တွေ့ရမှာပါ" "၃-၀ ဂိုးနဲ့ နိုင်ရင် ပွဲကပြီးသွားပေမယ့် သူတို့အသင်းရဲ့ comeback က အရမ်းကောင်းပါတယ်" လို့ တန်ဟက်က ပြောပါတယ်။

အဖြစ်အပျက်တွေကို တန်ဟက်ရဲ့ အပေါ် ပိုမိုပြင်းထန်လာခဲ့ပြီး သောကြာနေ့တွင် ယူနိုက်တက်ဟာ ဆောက်သမ်တန်ကနေ ချက်ချင်းထွက်ခွာလာတဲ့ ဂျဆင်ဝဲလ်ကော့စ်ကို နည်းစနစ်ဒါရိုက်တာအသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။

တန်ဟက်က တောင်ပံကစားသမားဟောင်းနှင့် အလွန်နီးကပ်စွာ လက်တွဲလုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း ပြောကြားပြီး "ကျွန်တော်တို့ အတူလက်တွဲလုပ်ဆောင်မှုက အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့က လုပ်ငန်းစဉ်မှာ အနည်းငယ်နောက်ကျ ကျန်နေတာကြောင့် အမီလိုက်ဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အရှိန်မြှင့် လုပ်ဆောင်မှာပါ" "မနေ့က သူနဲ့ ပထမဆုံးတွေ့ခဲ့ပြီး အနည်းငယ်လောက် ပြောဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ အချိန်သိပ်မရပေမယ့် တနင်္လာနေ့ကစပြီး ဆက်သွားမှာပါ" "သူ့ရဲ့အကြောင်းကိုလည်း ကျွန်တော်သိပါတယ်။ ငယ်ငယ်ကတည်းက သူ့ရဲ့နည်းစနစ်တွေကို ကျွန်တော်သိပါတယ်။ အဲဒီမှာ အတွေ့အကြုံအများကြီးရပြီး ဆောက်သမ်တန်မှာ ၁ နှစ် ရှိခဲ့ပါတယ်။ သူ့နောက်ကြောင်းကို သိတဲ့အတွက် ကျွန်တော်တို့ရဲ့ လက်တွဲမှုကို မျှော်လင့်နေပါတယ်" လို့ ပြောပါတယ်။

ယူနိုက်တက်ရဲ့ ဒဏ်ရာရရှိမှုက ဝင်ဘာလေမှာ ဆက်လက်ရှိနေခဲ့ပြီး ဂါနာချို၊ ရက်ရှ်ဖို့ဒ်၊ တွန်မီနေးနှင့် ဖာနန်ဒက်စ်တို့ဟာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ တိုမီနေးနှင့် ရက်ရှ်ဖို့ဒ်တို့ဟာ ဗုဒ္ဓဟူးနေ့အတွက် မသေချာနေသော်လည်း တန်ဟက်ကတော့ ဂါနာချို နှင့် ဖာနန်ဒက်စ်တို့ ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အန်တိုနီ #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်