ရှေ့သို့
Image

အာဆင်နယ်စတား ၂ ဦးကို ချီးကျူးလိုက်တဲ့ ကွင်းလယ်မှော်ဆရာဟောင်း ဆန်တီကာဇိုလာ

12:41 PM, 21 April

အာဆင်နယ်ကွင်းလယ်မှော်ဆရာဟောင်း ဆန်တီကာဇိုလာက  အသင်းဟောင်း အာဆင်နယ်စတား ၂ ဦးဖြစ်တဲ့ အိုဒီဂတ် နဲ့ ဒီကလန်ရိုက်စ်တို့ကို ချီးကျူးလိုက်ပြီး ဗီလာကိုအရေးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုစာရင်းထဲမှာ ရှိနေဆဲလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။အာဆင်နယ်ဟာ ဗီလာကိုအရေးနိမ့်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်ကိုအရေးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပါတယ်။

စီးတီးက အက်ဖ်အေဖလားရှိနေတာကြောင့် အာဆင်နယ်အနေနဲ့ ဝုဗ်ကိုအနိုင်ရရှိရင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ပွဲကြိုသတင်းစာရှင်းပွဲမှာလည်း အာတီတာက အပြုံးတွေနဲ့ စီးတီးကိုအမှတ်ဖြတ်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။အာဆင်နယ်ဟာ ၂ ပွဲဆက်အရေးနိမ့်ခဲ့ပေမယ့် ကာဇိုလာက အာတီတာ နဲ့ သူ့အသင်းသားတွေဟာ ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာရှိနေဆဲလို့ အခိုင်အမာဆိုလိုက်ပါတယ်။

အာတီတာနဲ့အတူ အဝတ်လဲခန်းထဲမှာ ၄ နှစ်ကြာဖြတ်သန်းခဲ့တဲ့ ကာဇိုလာက အသင်းဖော်ဟောင်းရဲ့စွမ်းဆောင်ရည်ကို  သံသယမရှိတာဖြစ်ပါတယ်။“ကျွန်တော် အဲ့ကိုပြန်သွားချင်ပါတယ်။ အဲ့မှာအမှတ်တရတွေအများကြီးရှိနေပါတယ်။ သူတို့အခြေအနေကောင်းတစ်ခုမှာရှိနေဆဲပါ။ အာတီတာကလည်း ထိပ်တန်းနည်းပြတစ်ဦးပါ။ဒဏ်ရာရနေချိန်မှာ ပွဲတွေကိုအတူကြည့်ရင်း ရပ်ရပ်ပြီး သူဘာလုပ်နေတာလဲ?။ နောက်ကိုပြန်သွား နောက်ကိုပြန်သွား ၃၀ စက္ကန့်လောက်ကိုပြန်သွားပြီး ခင်ဗျားဘာမြင်လဲ?။

ကျွန်တော် ပွဲကိုရပ်လိုက်ပြီး မင်းငါ့ကိုဘာမြင်စေချင်တာလဲ ပြန်မေးလိုက်ပါတယ်။ သူက ဒီလူကိုကြည့်လိုက် သူနေရာယူတာဘယ်လောက်ဆိုးလဲဗျ။ သူ ဒီနေရာ နဲ့ ဒီနေရာကိုသွားရင် နေရာလွတ်တွေအများကြီးပဲ။ပွဲတိုင်း ၂၀ စက္ကန့်လောက်ရပ်ပြီးမှ ပွဲကိုကြည့်လေ့ရှိပါတယ်။ သူ့ကိုမြင်ရတာက ဘောလုံးချစ်သလို သူ့မှာထိပ်တန်းနည်းပြတစ်ဦးလက္ခဏာတွေရှိနေပါတယ်။ ကျွန်တော်တောင် မီခေးလ် မင်းက နည်းပြတစ်ဦးဖြစ်နေပါပြီလို့ ပြောခဲ့ပါသေးတယ်။

ကျွန်တော်တို့စကားအများကြီးပြောဖြစ်သလို ဂွါဒီယိုလာလက်အောက်မှာ လက်ထောက်နည်းပြအဖြစ် အလုပ်လုပ်ခဲ့ရတာကြောင့် သူအများကြီးအတွေ့အကြုံရလိုက်ပါတယ်။မီခေးလ်က အာဆင်နယ်ရဲ့စိတ်ပိုင်းဆိုင်ရာကိုပြောင်းလဲနိုင်ခဲ့ပါတယ်။ သူ့အတွက် လိုအပ်နေတဲ့ တောင့်တင်းတဲ့လူစာရင်းတစ်ခုပါ”လို့ ကာဇိုလာက ပြောကြားခဲ့ပါတယ်။

ကာဇိုလာက အိုဒီဂတ် နဲ့ ရိုက်စ်တို့ကိုလည်း ချီးကျူးခဲ့သလို အိုဒီဂတ်က မိမိနဲ့ဆင်တူပြီး ရိုက်စ်က အာရွန်ရမ်ဆေးနဲ့ဆင်တူတယ်လို့ ပြောကြားခဲ့ပါတယ်။“ကျွန်တော် အိုဒီဂတ်ကို ချစ်ပါတယ်။ သူက ကျွန်တော်နဲ့ဆင်တူပါတယ်။ ရိုက်စ်ကတော့ ရမ်ဆေးနဲ့ဆင်တူပါတယ်။ တကယ့်ထိပ်တန်းကစားသမားတစ်ဦးပါ။အာဆင်နယ်က ချန်ပီယံလောင်းစာရင်းထဲမှာ ပါဝင်နေဆဲပါ”လို့ ကာဇိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။


#အာဆင်နယ် #အိုဒီဂတ် ဒီကလန်ရိုက်စ်