ရှေ့သို့
Image

ဆာကာနဲ့ အိုဒီဂတ်တို့ရဲ့ ကြံ့ခိုင်မှုအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ အာတီတာ

11:25 AM, 17 April

အာဆင်နယ်နည်းပြ မိုက်ကယ်အာတီတာက အသင်းရဲ့ အဓိက ထောက်တိုင် ၂ ဦးဖြစ်တဲ့ တောင်ပံကစားသမား ဘူကာယိုဆာကာနဲ့ ကွင်းလယ်လူမာတင်အိုဒီဂတ်တို့အနေနဲ့ ဘိုင်ယန်မြူးနစ်နဲ့ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာပါဝင်နိုင်ဖို့ ကြံ့ခိုင်မှုရှိမရှိ အသိပေးပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခြေချော်လက်ချော်နဲ့ အက်စတွန်ဗီလာကို ၀-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ ပွဲကစားချိန် မိနစ် ၈၀ မှာလူစားလဲခံခဲ့ရပေမယ့် ဆာကာကတော့ ပွဲချိန်ပြည့်ကစားနိုင်ခဲ့ပါတယ်။ 

ကြာသပတေးနေ့မှာတော့ အာတီတာရဲ့အသင်းဟာ အရေးပါတဲ့ ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အဆိုပါကစားသမား၂ ဦးစလုံး ပါဝင်နိုင်ရန် ကြံ့ခိုင်မှုပြည့်ဝနေဖို့လိုအပ်နေတာဖြစ်ပါတယ်။

ယမန်နေ့ကပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ အာတီတာက "သူတို့ ၂ ‌ယောက်စလုံးကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့မှာ ကြံ့ခိုင်မှုပြန်လည်တည်ဆောက်ဖို့ကတော့ အချိန် ၄၈ နာရီပဲရပါတော့တယ်။ ဒါပေမယ့် လေ့ကျင့်မှုအနည်းငယ်တော့ လုပ်ပြီးပါပြီ။ မနက်ဖြန် သူတို့ဘယ်လိုအခြေအနေရှိနေမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

အာတီတာရဲ့ အသင်းဟာ ကြားရက်အတွင်း ဘိုင်ယန်မြူးနစ်ကို ဂျာမန်မြေမှာ သွားရောက်ရင်ဆိုင်ခဲ့ပြီးပါက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စနေနေ့မှာ ဝုဗ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ 

#အာတီတာ #ဆာကာ #အာဆင်နယ် #အိုဒီဂတ် #ချန်ပီယံလိဂ်