ရှေ့သို့
Image

အာဆင်နယ်နဲ့ပွဲမှာ ဆာနေး၊ နူအာတို့ ပါဝင်ကစားမှာဖြစ်တယ်လို့ တူချယ် အတည်ပြု

10:00 AM, 17 April

ဘိုင်ယန်နည်းပြ တူချယ်က ဆာနေး နဲ့ နူအာတို့ အာဆင်နယ်အသင်းနဲ့ပွဲမှာ ပါဝင်ကစားမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ အာဆင်နယ်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ဒုတိယအကျော့အဖြစ် ဘိုင်ယန်အသင်းအိမ်ကွင်းကို သွားကန်ရမှာဖြစ်ပြီး ပထမအကျော့တုန်းက ၂-၂ သရေကျထားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဗီလာကိုအရေးနိမ့်ခဲ့တာကြောင့် လာမယ့်ဘိုင်ယန်နဲ့ပွဲမှာ ပြန်လည်အနိုင်ကန်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဘိုင်ယန်ကလည်း ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို လေဗာကူဆင်အသင်းထံလက်လွှဲပေးခဲ့ရပြီး ချန်ပီယံလိဂ်တစ်လုံးတည်းသာကျန်တော့တာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ပွဲက အရေးကြီးတဲ့အနေအထားမှာ ဆာနေး နဲ့ နူအာတို့ ပါဝင်နိုင်မှာက အားတက်စရာဖြစ်လာခဲ့ပါတယ်။ ဆာနေးဟာ အမ်းမရိတ်မှာတုန်းက စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး ကိုလုံးနဲ့ပွဲကိုလွဲချော်ခဲ့တာကြောင့် ဒုတိယအကျော့ပွဲအတွက် မသေချာတဲ့အနေအထားဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂါနေ့က ပွဲကြိုသတင်းစာရှင်းပွဲမှာ တူချယ်က ဆာနေး နဲ့ နူအာတို့ ပါဝင်နိုင်မယ်လို့ အတည်ပြုခဲ့ပါတယ်။

“နူအာ အနဲ့ ဆာနေးတို့ ပါဝင်နိုင်မှာပါ။ ဂနာဘရီ နဲ့ ကိုးလ်မန်းတို့အခြေအနေကလည်း မသေချာသေးပါဘူး”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်စတား ကိန်းကလည်း “ဂါနာဘရီ နဲ့ ကိုးလ်မန်းတို့မပါဝင်နိုင်တာက တကယ့်စိတ်ပျက်စရာပါ။ သူတို့ ၂ ဦးက ဒီရာသီမှာဒဏ်ရာပြဿနာတွေနဲ့နပန်းလုံးနေရတာပါ။ ခင်ဗျားအနေနဲ့ အဲ့တာမျိုးလိုချင်မှာမဟုတ်ပါဘူး။ သူတို့ကိုကွင်းထဲက ထွက်နေတာပဲ လိုချင်မှာပါ။ လီရွိုင်းကတော့ ဒီနေ့လေ့ကျင့်ခန်းပြန်ဆင်းပါတယ်။ အသင်းမှာ ဒဏ်ရာပြဿနာတွေများပြားနေပါတယ်။ ဘယ်သူနဲ့တွဲကစားကစားရ ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလိုအခြေအနေမျိုးနဲ့အသားကျအောင် လုပ်ဆောင်ရပါမယ်။ ခြေစွမ်းကောင်းတွေကို ဆက်ထိန်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ပထမအကျော့တုန်းကအတိုင်း ကျွန်တော်တို့ ဆက်လုပ်နိုင်ဖို့ လိုအပ်ပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #တူချယ် #ချန်ပီယံလိဂ် #နူအာ #ဆာနေး