ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (G) ဆားဘီးယား - ဆွစ်ဇာလန် ပွဲကြိုခန့်မှန်းချက်(နံနက် ၁း၃၀)

4:25 PM, 2 December

ကွင်း - Stadium 974 ကွင်း

ဒဏ်ရာရပွဲပယ်အခြေအနေ
===============
ဆားဘီးယား - မရှိ
ဆွစ်ဇာလန် - အိုကာဖော် (မသေချာ)

ဆားဘီးယားအသင်း အခြေအနေ
=============
ဆာဘီးယားက အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရမှတ်တစ်မှတ်သာ ရရှိထားပြီး အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

ဆွစ်ဇာလန်အသင်း အခြေအနေ
==============
ဆွစ်ဇာလန်က ရမှတ်သုံးမှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပြီး အခုပွဲစဉ်မှာ ရမှတ်ရှာဖွေထားနိုင်မယ်ဆိုရင် အုပ်စုတက်ဖို့ အခြေအနေကောင်းသွားမှာပါ။

ခန့်မှန်းချက်
======
အခုကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဖျက်မြင်းအသင်းအဖြစ် ရှုမြင်ထားတဲ့ ဆားဘီးယားက အခုလက်ရှိမှာတော့ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့အတွက်တောင် မရေမရာဖြစ်နေပါတယ်။ ဒီပွဲစဉ်ကို မဖြစ်မနေအနိုင်ကစားထားမှသာ ဆာဘီးယားအနေနဲ့ နောက်တစ်ဆင့်တက်နိုင်ရေး မျှော်လင့်နိုင်မှာဖြစ်ပြီး အားထားရတဲ့တိုက်စစ်မှူး ဗလာဟိုဗစ် ပြန်ပါလာနိုင်ဖွယ်ရှိလို့ အားတက်စရာအခြေအနေ ဖြစ်နေပါတယ်။

ဆွစ်ဇာလန်ကတော့ ဒီပွဲစဉ်ကို အနိုင်ရခဲ့မယ်ဆိုရင် သေချာပေါက် အုပ်စုတက်နိုင်မှာဖြစ်သလို တစ်ဖက်ပွဲစဉ်မှာ ဘရာဇီးကို ကင်မရွန်းက အနိုင်မရဘူးဆိုရင် ဆွစ်ဇာလန်အနေနဲ့ ဒီပွဲစဉ်မှာ သရေတစ်မှတ်ရရင်ကို အုပ်စုမှ လွတ်မြောက်ဖို့ ရှိနေပါတယ်။ နှစ်သင်းအကြား ခြေစွမ်းပိုင်းကွာဟမှုနည်းပါးတာကြောင့် ပွဲစဉ်အတွင်းဖြစ်ရပ်တွေကပဲ ရလဒ်ပိုင်းကို ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။ သရေရလဒ်ထွက်ပေါ်နိုင်တဲ့ ပွဲစဉ်ပါ။

ဆားဘီးယား - ဆွစ်ဇာလန် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၁) ကြိမ်
----------------------------------------------
ဆားဘီးယား ၁ - ၂ ဆွစ်ဇာလန် (၂၃-ဇွန်-၂၀၁၈)
.
ဆားဘီးယား နောက်ဆုံး (၅) ပွဲရလဒ်
--------------------------
ကင်မရွန်း ၃ - ၃ ဆားဘီးယား (၂၈-နိုဝင်ဘာ-၂၀၂၂)
ဘရာဇီးလ် ၂ - ၀ ဆားဘီးယား (၂၅-နိုဝင်ဘာ-၂၀၂၂)
ဘာရိန်း ၁ - ၅ ဆားဘီးယား (၁၈-နိုဝင်ဘာ-၂၀၂၂)
နော်ဝေး ၀ - ၂ ဆားဘီးယား (၂၈-စက်တင်ဘာ-၂၀၂၂)
ဆားဘီးယား ၄ - ၁ ဆွီဒင် (၂၅-စက်တင်ဘာ-၂၀၂၂)
.
ဆွစ်ဇာလန် နောက်ဆုံး (၅) ပွဲရလဒ်
-----------------------
ဘရာဇီးလ် ၁ - ၀ ဆွစ်ဇာလန် (၂၈-နိုဝင်ဘာ-၂၀၂၂)
ဆွစ်ဇာလန် ၁ - ၀ ကင်မရွန်း (၂၄-နိုဝင်ဘာ-၂၀၂၂)
ဂါနာ ၂ - ၀ ဆွစ်ဇာလန် (၁၇-နိုဝင်ဘာ-၂၀၂၂)
ဆွစ်ဇာလန် ၂ - ၁ ချက်ဇ် (၂၈-စက်တင်ဘာ-၂၀၂၂)
စပိန် ၁ - ၂ ဆွစ်ဇာလန် (၂၅-စက်တင်ဘာ-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #၂၀၂၂ကမ္ဘာ့ဖလား #ဆွစ်ဇာလန် #ဆားဘီးယား