ရှေ့သို့
Image

မမျှတတဲ့ဆုံးဖြတ်ချက်များအပေါ် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့တဲ့ ဖီနာဘာချီ

8:09 AM, 8 April

🚨🇹🇷 မနေ့ညက တူရကီစူပါဖလားဗိုလ်လုပွဲမှာ ဖီနာဘာချီအသင်းက ယူ-၁၉အသင်းနဲ့ ပွဲထွက်လာခဲ့ပြီး ပွဲအစ၁မိနစ်မှာတင် ကစားသမားတွေအားလုံး ကွင်းထဲကနေ ထွက်သွားခဲ့ပါတယ်။

ဂါလာတာစာရေးအသင်းက ပွဲအစ၁မိနစ် မပြည့်ခင်မှာ အီကာဒီရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ တူရကီစူပါဖလားချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

ဖီနာဘာချီအသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေအတွင်း သူတို့အသင်းအပေါ် မမျှတတဲ့ဆုံးဖြတ်ချက်တွေချမှတ်ခဲ့ခြင်းအပေါ် ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ ကွင်းထဲက ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ဂါလာတာစာရေးအသင်းကတော့ ပြိုင်ဘက်ဖီနာဘာချီအသင်း မရှိတော့ချိန်မှာ သူတို့ရဲ့အရန်အသင်းနဲ့ ပွဲဆက်ကစားခဲ့ပြီး ပရိသတ်တွေကို ဖျော်ဖြေပေးသွားခဲ့ပါတယ်။

#ဂါလာတာစာရေး #ဖီနာဘာခ်ီ