ရှေ့သို့
Image

တော့တင်ဟမ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း လှပတဲ့ကစားဟန်နဲ့ ပါရီဆစ်ကို အရူးလုပ်လှည့်ထွက်ပြသွားခဲ့တဲ့ အန်တိုနီ

10:57 AM, 20 October

မန်ချက်စတာယူနိုက်တက်အသင်းက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းဖြစ်တဲ့ အို့ထရက်ဖို့ဒ်ကွင်းကြီးအတွင်းမှာ ယခုနှစ်ရာသီ၌ ပုံစံကောင်းတွေ ပြသကာ အမှတ်ပေးဇယား တတိယနေရာအထိပါ တက်လှမ်းထားနိုင်ခဲ့တဲ့ တော့တင်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွင် ယူနိုက်တက်အသင်းက နည်းပြကွန်တီရဲ့တော့တင်ဟမ်အသင်းကို ၂ - ၀ ရလဒ်ဖြင့် အနိုင်ကစားနိုင်ခဲ့သလို ညာတောင်ပံတိုက်စစ်မှာ ဆက်တိုက်ခြေစွမ်းပြထားတဲ့ ဘရာဇီးစတားအန်တိုနီက တော့တင်ဟမ် ဘယ်နောက်တန်းအစွန်လူ အိုင်ဗန်ပါရီဆစ်ကို အရူးလုပ် လှည့်ထွက်ကာ ကစားပြသွားခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို သရေ ရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရတဲ့ ယူနိုက်တက်အသင်းက တော့တင်ဟမ်အသင်းကို ပွဲကစားချိန်ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ တော့တင်ဟမ်ဂိုးသမား ဟူဂိုလိုရစ် လက်စွမ်းပြကာ အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့တာကြောင့် သွင်းဂိုး ရရှိခြင်း မရှိခဲ့ပေမဲ့ ဒုတိယပိုင်းပွဲကစားချိန် ရောက်တဲ့အခါမှတော့ ဒဏ်ရာပြဿနာကြောင့် ပွဲထွက်ကစားပေးနိုင်ခြင်း မရှိတဲ့ အဲရစ်ဆင်ရဲ့နေရာမှာ အစားထိုးပါဝင်လာတဲ့ ဖရက်နဲ့ ပေါ်တူဂီကွင်းလယ်စတား ဘရူနိုဖာနန်ဒက်စ်တို့က သွင်းယူပေးနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ ချေပဂိုးတွေကို  ပြန်လည် ခွင့်ပြုရခြင်းမရှိအောင် ကစားနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ ၂ဂိုး အသာနဲ့ အနိုင်ကစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက တော့တင်ဟမ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းတွင် ယူနိုက်တက်အသင်းရဲ့ ညာတောင်ပံ၌ ပွဲထွက်လာခဲ့တဲ့ အန်တိုနီကလည်း အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး တော့တင်ဟမ်အသင်းရဲ့ ဘယ်နောက်တန်းအစွန်မှာ ပွဲထွက်လာခဲ့တဲ့ ပါရီဆစ်နဲ့ ကွင်းလယ်လူ ဟိုဘ်ဂျက်တို့ နှစ်ဦးရဲ့ လူကပ်ထိန်းချူပ်ဖို့ ကြိုးစားကစားနေတဲ့ ကြားမှ အကြိမ်ကြိမ်ထိုးဖောက်ကာ ပြိုင်ဘက် ခံစစ်ကြောင်းကို  အကောင်းဆုံး ဖိအားပေး အလုပ်ရှုပ်နေစေခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #အန်တိုနီ #ပါရီဆစ် #ပရီးမီးယားလိဂ်