ရှေ့သို့
Image

ကွင်းလယ်ဒိုင်ကို အော်ဟစ်ပေါက်ကွဲခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မယ့် တူချယ်

7:53 PM, 7 April

အခုဘောလုံးရာသီအတွင်း လေးကြိမ်မြောက် အဝါကတ်ပြစ်ဒဏ်ကို ရရှိပြီးနောက် ဘိုင်ယန်မြူးနစ်နည်းပြတူချယ်ဟာ လာမယ့်ဘွန်ဒက်စ်လီဂါပွဲစဉ်ကို လွဲချော်ဖို့ သေချာသွားခဲ့ပါတယ်။ယမန်နေ့ညပိုင်း၊ ဟိုက်ဒင်ဟိမ်းနဲ့ ဘိုင်ယန်မြူးနစ်တို့ ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း ပွဲချိန်မိနစ် ၆၀ မှာ ကွင်းလယ်ဒိုင်ကို ဒေါသတကြီးအော်ဟစ်ခဲ့တာကြောင့် တူချယ်အတွက် အဝါကတ်ပြစ်ဒဏ် ထွက်ပေါ်လာပါတယ်။ ဒီပြစ်ဒဏ်က တူချယ်အတွက် အခုရာသီ၊ လေးကြိမ်မြောက် အဝါကတ်ဖြစ်နေလို့ ဂျာမန်သားနည်းပြဟာ လာမယ့်သီတင်းပတ်၊ ကိုလုံးနဲ့ရင်ဆိုင်ရမယ့် အမှတ်ပေးပွဲစဉ်ကို လွဲချော်လိမ့်မယ်ဆိုတဲ့ ရလဒ်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။

ပထမပိုင်းပွဲချိန်အတွင်း ဦးဆောင်ဂိုးနှစ်ကြိမ်တိုင် ခွင့်ပြုပေးခဲ့ရပြီးနောက် ဟိုက်ဒင်ဟိမ်းက အံ့အားသင့်စရာ comeback နဲ့အတူ ပွဲစဉ်ဆီ ပြန်လာနိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းနဲ့ ဂါနာဘရီတို့ရဲ့သွင်းဂိုးတွေက ဘိုင်ယန်အတွက် ပွဲစဉ်ကို သက်သောင့်သက်သာဦးဆောင်နိုင်အောင် ကူညီပေးခဲ့ပေမယ့် တင်ကလိုင်ဒင်ရဲ့ ဂိုးနှစ်ဂိုး၊ ကီဗင်ဆက်ဆာရဲ့သွင်းဂိုးတစ်ဂိုးက အိမ်ရှင်တွေအတွက် သမိုင်းဝင်နိုင်ပွဲတစ်ု ဖော်ဆောင်နိုင်ဖို့ လုံလောက်သွားစေပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း တတိယမြောက် အဝါကတ်ပြစ်ဒဏ်ရရှိပြီးနောက် တူချယ်က Sky Sports အစီအစဉ်တင်ဆက်သူ ဝက်စ်ဆာဇီးနဲ့အတူ ရာသီကုန်မတိုင်ခင် နောက်တစ်ကြိမ်အဝါကတ်မထိရအောင် လုပ်ဆောင်သွားဖို့ အလောင်းအစားတစ်ခု ပြုလုပ်ထားခဲ့ပါတယ်။အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံပြေးလမ်းမှာ လေဗာကူဆင်အသင်း အနိုင်ရရှိဖို့ ရာခိုင်နှုန်းအလွန် များပြားသွားပြီး ဂျာမန်ဘီလူးကြီးကတော့ အာဆင်နယ်နဲ့ ကြားရက်မှာ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပ-ကျော့)ပွဲစဉ်ဆီ အာရုံစိုက်သွားရပါမယ်။


#တူချယ် #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ