ရှေ့သို့
Image

ဘန်ဝှိုက်ရဲ့ အင်္ဂလန်အသင်းအား ငြင်းပယ်ခဲ့မှုနှင့် ပတ်သက်ပြီး အမြင်ကို ပြောကြားလိုက်တဲ့ ဖာဘရီဂတ်စ်

12:54 PM, 22 March

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အင်္ဂလန်အသင်းမှ ထွက်ခွာခဲ့ပြီး ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နှင့် ကစားမယ့် ခြေစမ်းပွဲတွေမှာ မရွေးချယ်ဖို့အတွက် ဘန်ဝှိုက်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲ ပါဝင်ကစားထားပြီး မကြာသေးမီက ၄ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဘန်ဝှိုက်က သူဟာဘောလုံးကို မကြိုက်ဘူးဆိုတဲ့ ပြောကြားချက်တွေကို ငြင်းပယ်ခဲ့ပေမယ့် ကွင်းပြင်ပမှာ ဘောလုံးပွဲတွေကို ကြည့်ရှုဖို့အတွက် စိတ်ပါဝင်စားမှုနည်းပါတယ်လို့ ဝန်ခံထားပါတယ်။ ဖာဘရီဂတ်စ်က ကစားသမားတွေရဲ့ ၅ ရာခိုင်နှုန်က ဘန်ဝှိုက်လိုဖြစ်ပြီး ကစားသမားဘဝသက်တမ်း ၂၀ လောက်အတွင်း တော်တော်များများကို မြင်တွေ့ခဲ့ရကြောင်း ပြောထားပါတယ်။

"ကျွန်တော်တို့ လက်ရှိနေထိုင်နေတဲ့ လူ့အဖွဲ့အစည်းလို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော်အမြဲတမ်းပြောနေကျစကားအတိုင်း ပြန်ဖြစ်သွားတာပါ" "ဘောလုံးသမားတွေက ပိုက်ဆံအများကြီးရတယ်။ ပြီးတော့ သူတို့အားလုံးက ဘာပဲဖြစ်ဖြစ် ဘောလုံးကိုပဲ အာရုံစိုက်သင့်တယ်လို့ အားလုံးကထင်နေတာပါ။ အရာအားလုံးအတွက် စံနမူနာယူတာကြောင့် အမှားလုပ်လို့မရပါဘူး" "အမှားတိုင်းက သာမန်လူတစ်ဦးနဲ့မတူဘဲ နှစ်ဆ သို့မဟုတ် သုံးဆ လောက်ဖြစ်သွားပါတယ်။ အဲဒါက ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ ဘဝပါ။ လက်ခံရမယ့် အရာတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ပခုံးပေါ်မှာ ထမ်းထားရမယ့်အရာတစ်ခုဖြစ်ပါတယ်"

"ကျွန်တော်က ကစားသမားတွေက တော်တော်များများကို သိပါတယ်၊ သူတို့ရဲ့ လေ့ကျင့်ရေးတွေ ပြီးသွားရင် အိမ်ကိုပြန်ချင်ကြပြီး ဒါဟာ ဘောလုံးကို တကယ်သဘောမကျလိုပါ ကျွန်တော်အနေနဲ့ နာမည်တွေ ထုတ်ဖော်မပြောလိုပါဘူး" "သူတို့က ဘောလုံးကစားရတာကို နှစ်သက်တယ်၊ ပြိုင်ဆိုင်၌တာကိုလည်း သဘောကျတယ်။ သူတို့က ပြိုင်ဖက်တွေ၊ အောင်နိုင်သူတွေဖြစ်ပြီး အဲ့ဒီလိုအချိန်ကာလကို သဘောကျသူတွေဖြစ်ပါတယ်" "ဒါပေမယ့် နောက်ပိုင်းမှာ သူတို့တွေက ဘောလုံးပွဲတွေ မကြည့်ဖြစ်တော့ဘူး။ သူတို့က ဘောလုံးနဲ့ ဘာမှ မပတ်သက်ချင်တော့ပါဘူး" "ဒါက ထူးဆန်းတယ်။ မကြာခဏ ဖြစ်တတ်တဲ့အရာတော့ မဟုတ်ပါဘူး။ ကစားသမားတွေရဲ့ ၅ ရာခိုင်နှုန်းလောက်က ဒီလိုမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒါက ဘာလဲဆိုတော့ အဲဒါကို ကျွန်တော်တို့ လေးစားရမယ်" လို့ ဘန်ဝှိုက်ရဲ့ အခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဖာဘရီဂက်စ်က Planet Premier League podcast တွင် ပြောကြားခဲ့ပါတယ်။

ဘန်ဝှိုက်ဟာ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်ရဲ့ လက်ထောက်စတိဗ်ဟော်လန်နှင့် အဆင်မပြေခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ဝင်ဘာလေမှာ ကစားမယ့် ခြေစမ်းပွဲများအတွက် ဝှိုက်က ပါဝင်ကစားမှာမဟုတ်တာကြောင့် အာဆင်နယ်အသင်းရဲ့ နှစ် ၂၀ အတွင်း ပထမဆုံးဖလား ရရှိမယ့် အခွင့်အလမ်းအတွက် အင်အားပြည့်နေမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံမန်စီးတီးနောက် ၅ မှတ် အကွာတွင် ရပ်တည်နိုင်ခဲ့တဲ့ ဂန်းနားတွေဟာ လက်ကျန် ၁၀ ပွဲ ကျန်ရှိချိန်တွင် ဂိုးကွာခြားချက်ဖြင့် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အာဆင်နယ်အသင်းဟာ ဖာဘရီဂတ်စ် ထွက်ခွာပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ဂန်းနားကစားသမားအဖြစ်လာခဲ့တဲ့ အာတီတာရဲ့ လက်ထက်တွင် ပြီးခဲ့တဲ့ရာသီက ချန်ပီယံဆုပြိုင်ဆိုင်နိုင်တဲ့အသင်းအဖြစ် ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။

"အာတီတာ မန်နေဂျာအဖြစ် မတာဝန်ယူမီ ကာလက အာဆင်နယ်ဟာ ကြီးမားတဲ့ အရှုပ်အထွေးထဲ နစ်မြုပ်နေခဲ့ပါတယ်" လို့ အာတီတာက ပြောပါတယ်။ "တော်တော်များများက ပြောနေကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကလပ်အတွင်းနဲ့ ပတ်ချာလည်မှာ မကောင်းသတင်းတွေ အများကြီးရှိခဲ့ပါတယ်။ သူရောက်လာတဲ့အခါ အကြံတစ်ခုရှိခဲ့ပြီး သူ့နည်းစနစ် ကစားဟန်နဲ့အတူ အားလုံးကို ပေါင်းထည့်လိုက်တာပါ" "သူဟာ ငယ်ရွယ်တဲ့ နည်းပြတစ်ယောက်ဖြစ်ပေမယ့် သတ္တိရှီတဲ့ သူတစ်ဦးလို့ ကျွန်တော်ထင်ပါတယ်" "ကျွန်တော်သာ မမှားဘူးဆိုရင် သတင်းစာရှင်းလင်းပွဲတွေမှာ အာတီတာက  ရည်ရွယ်ချက်တွေ၊ စံနှုန်းတွေအကြောင်းကိုသာ ထပ်တလဲလဲ ပြောနေတာလို့ ထင်ပါတယ်" "အလုပ်ကြိုးစားတဲ့ ကစားသမားတွေ၊ အသင်းအတွက် ကလပ်အတွက် တကယ်ကစားချင်တဲ့ လူငယ်တွေ၊ ကလပ်ကို တိုးတက်အောင်လုပ်ပေးတဲ့ သူတွေရှိပြီး ဒါက သူပြောင်းလဲလာတဲ့ စိတ်ဓာတ်လို့ ကျွန်တော်ထင်ပါတယ်" "သူက ကစားသမားတွေ၊ နည်းပြတွေကို ထိခိုက်စေတဲ့ ကလပ်ပတ်ပတ်လည်မှာရှိတဲ့ ဒီအဆိပ်အတောက်တွေအားလုံးကို ဖယ်ထုတ်ပြီး တကယ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါက သူ့ရဲ့အကြီးမားဆုံး အောင်မြင်မှုလို့ ကျွန်တော်ထင်ပါတယ်" လို့ ဖာဘရီဂက်စ်က ပြောပါတယ်။

အာဆင်နယ်ဟာ နိုင်ငံတကာအားလပ်ရက်အပြီး မတ်လ ၃၀ ရက်နေ့တွင် မန်စီးတီးနှင့် ရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။

#အာတီတာ #အင်္ဂလန် #ဘန်ဝှိုက် #ဖာဘရီဂတ်စ် #ခြေစမ်းပွဲ