ရှေ့သို့
Image

လီဂူးဝမ်းပွဲစဉ် (၃၇) အန်ဂါးစ် - ထရိုယက်စ် ပွဲကြိုခန့်မှန်းချက် (နံနက် ၁:၃၀)

7:13 PM, 27 May

အန်ဂါးစ် - ထရိုယက်စ် ဒဏ်ရာရပွဲပယ်
-------------
အန်ဂါးစ် - ဂူလမ်၊ ချက်တီ၊ ကာမာရာ (သေချာပေါက်လွဲ)၊ ဆလာမာ (မသေချာ)
ထရိုယက်စ် - ဂါလွန်(ပွဲပယ်ပြစ်ဒဏ်)၊ ရီပတ်၊ အိုဒိုပတ်၊ ဇူးခရူး(သေချာပေါက်လွဲ)၊ တာဒီအူ၊ ဒင်ဂိုမီလ်(မသေချာ)

နှစ်သင်းလုံးက အခုရာသီမှာ တန်းဆင်းရဖို့ သေချာသွားပါပြီ။ အန်ဂါးစ်က နောက်ဆုံး ၁၀ ပွဲမှာ တစ်ပွဲပဲ အနိုင်ရရှိခဲ့သလို ထရိုယက်ကလည်း နောက်ဆုံး ၁၀ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပါတယ်။ နှစ်သင်းလုံးက နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာ သွင်းဂိုးတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ခံစစ်ပိုင်းယိုယွင်းနေတဲ့အသင်းတွေဖြစ်လို့ ဂိုးပေါ်မယ်လို့ ယူဆမိပါတယ်။
 
အန်ဂါးစ် - ထရိုယက်စ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-------------------------------------------------------------
ထရိုယက်စ် ၃ - ၁ အန်ဂါးစ် (၂၈-သြဂုတ်-၂၀၂၂)
အန်ဂါးစ် ၂ - ၁ ထရိုယက်စ် (၂၃-ဇန်နဝါရီ-၂၀၂၂)
ထရိုယက်စ် ၁ - ၁ အန်ဂါးစ် (၂၆-စက်တင်ဘာ-၂၀၂၁)
အန်ဂါးစ် ၃ - ၁ ထရိုယက်စ် (၁၈-ဇန်နဝါရီ-၂၀၁၈)
ထရိုယက်စ် ၃ - ၀ အန်ဂါးစ် (၂၆-နိုဝင်ဘာ-၂၀၁၇)
.
အန်ဂါးစ် နောက်ဆုံး (၅) ပွဲရလဒ်
---------------------------
ရိမ်းစ် ၂ - ၂ အန်ဂါးစ် (၂၁-မေ-၂၀၂၃)
မာဆေးလ် ၃ - ၁ အန်ဂါးစ် (၁၅-မေ-၂၀၂၃)
အန်ဂါးစ် ၁ - ၂ မိုနာကို (၇-မေ-၂၀၂၃)
ရန်းနက်စ် ၄ - ၂ အန်ဂါးစ် (၃၀-ဧပြီ-၂၀၂၃)
အန်ဂါးစ် ၁ - ၂ ပီအက်စ်ဂျီ (၂၂-ဧပြီ-၂၀၂၃)
.
ထရိုယက်စ် နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
ထရိုယက်စ် ၁ - ၁ စထရာဘော့ (၂၁-မေ-၂၀၂၃)
ရန်းနက်စ် ၄ - ၀ ထရိုယက်စ် (၁၄-မေ-၂၀၂၃)
ထရိုယက်စ် ၁ - ၃ ပီအက်စ်ဂျီ (၈-မေ-၂၀၂၃)
ထရိုယက်စ် ၀ - ၁ နိုက်စ် (၃၀-ဧပြီ-၂၀၂၃)
နန့်တက်စ် ၂ - ၂ ထရိုယက်စ် (၂၃-ဧပြီ-၂၀၂၃)



#ပွဲကြိုသုံးသပ်ချက် #အန်ဂါးစ် #ထရိုယက်စ် #လီဂူးဝမ်း