ရှေ့သို့
Image

ဖရန့်ဖတ်နှင့်ပွဲမှာ ပါဝင်ဖို့ မသေချာတဲ့ ဆန်ချို

2:41 PM, 16 March

တံကောက်ကြောဒဏ်ရာရရှိထားတာကြောင့် ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှူး ဆန်ချိုဟာ အိမ်ကွင်းမှာကစားမယ့် ဖရန့်ဖတ်နှင့်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူးလို့ နည်းပြ တာဒဏ်က သောကြာနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်မှာ မပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းပြီးနောက် ဒေါ့မွန်သို့ ၆ လအငှားစာချုပ်ဖြနင့် ပြန်လာတဲ့ ဆန်ချိုဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်တောင်ပံကစားသမားဟာ မေလ ၂၀၂၃ ခုနှစ်တကည်းက သူ့ရဲ့ပထမဆုံးဂိုးကို စနေနေ့က ဝါဒါဘရီမင်အား ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲနှင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲအဖြစ် ပီအက်စ်ဗွီအား အနိုင်ရရှိခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဗွီနဲ့ပွဲရဲ့ လက်ကျန် ၁၅ မိနစ်တွင် လူစားလဲခံခဲ့ရတဲ့ ဆန်ချိုနဲ့ပတ်သက်ပြီး နည်းပြတာဒစ်က "ကြာသပတေးနေ့မှာ ကျွန်တော်တို့က စစ်ဆေးမှုအချို့ကိုလုပ်ခဲ့ပြီး အရမ်းကြီးမဆိုးခဲ့တာကိုတော့ ဘုရားကို ကျေးဇူးတင်ရမှာပါ" လို့ သောကြာနေ့မှာပြောပါတယ်။

ဆန်ချိုက တစ်ဦးတည်းလေ့ကျင့်နေကြောင်း တာဒစ်က ပြောကြားခဲ့ပြီး တနင်္ဂနွေနေ့ပွဲအတွက် အဆင်ပြေမလားဆိုတာကိုပါ စောင့်ကြည့်ရမှာဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ "တနင်္ဂနွေနေ့ပွဲကိုလွဲချော်ခဲ့မယ်ဆိုရင်တောင် သူ့ရဲ့နားချိန်က အရမ်းကြာမှာမဟုတ်ပါဘူး" လို့ တာဒစ်က ပြောပါတယ်။

၉ ပွဲကျန်နေတဲ့ အနေအထားမှာ ဒေါ့မွန်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာတွင် ရပ်တည်နေပြီး လိုက်ပ်ဇစ်အား ၁ မှတ်ဖြတ်ထားတာဖြစ်ပါတယ်။

#ဒေါ့မွန် #ဖရန့်ဖတ် #ဆန်ချို #ဘွန်ဒက်စ်လီဂါ