ရှေ့သို့
Image

လီဗာပူးနဲ့ ကစားမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ဟွိုက်လန်း ကစားလိမ့်မယ်လို့ ပြောကြားလိုက်တဲ့ ဒိန်းမတ်နည်းပြ

11:10 AM, 15 March

တနင်္ဂနွေနေ့ လီဗာပူးနှင့်စားမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အတွက် ယူနိုက်တက်အသင်းထံ ဟွိုက်လန်း ပြန်လည် ရောက်ရှိလာမှာဖြစ်ကြောင်း ဒိန်းမတ်နည်းပြ ဟုချ်မန်းက ပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ သရဲနီတွေအတွက် ခြေစွမ်းပြသထားပြိး သူ့ရဲ့နောက်ဆုံး ၆ ပွဲမှာ ပွဲတိုင်းဂိုး သွင်းယူခဲ့ပြီး ဘောက်စ်ဆင်ဒေး အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲအပြီးကတည်းက အံ့အားသင့်ဖွယ့် သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။ ဒါပေမယ့် ဟွိုက်လန်ဟာ ပြီးခဲ့တဲ့လက လေ့ကျင့်ရေးမှာ ကြွက်သားဒဏ်ရာ ရရှိခဲ့ပြီး နောက်ဆုံး ၄ ပွဲဆက် လွဲချော်ခဲ့ပြီး ရလဒ်အနေနဲ့ ယူနိုက်တက်ဟာ ရုန်းကန်ခဲ့ရပါတယ်။

သို့သော်လည်း ဒိန်းမတ်နည်းပြက ရဲရင့်တဲ့ ဟောကိန်းတစ်ခု ထုတ်ခဲ့ပြီး ယူနိုက်တက်အတွက် အလားအလာကောင်းတွေ ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့တွင် ဒိန်းမတ်သတင်းစာဖြစ်တဲ့ Campo.dk သို့ ဟုချ်မန်းက " ဟွိုက်လန်းက တနင်္ဂနွေနေ့ လီဗာပူးနဲ့ပွဲမှာ ကစားရမှာဖြစ်ပြီး ပွဲကို အကောင်းဆုံး ကစားမယ်ဆိုတာ ရှင်းပါတယ်" "အဲ့ဒီလိုဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ယူနိုက်တက်နဲ့ ဆက်သွယ်နေပါတယ်။ ကျွန်တော် တန်ဟက်နဲ့ စကားပြောပြီးပါပြီ၊ ဒီလိုဖြစ်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" "ဒါပေမယ့် သူက ပွဲမှာအကောင်းဆုံး ကစားရမယ်ဆိုတာ ရှင်းပါတယ်။ ဒါဖြစ်နိုင်ဖို့အတွက် တစ်ဖက်မှာ ဘာမှ မဖြစ်ရဘူး" လို့ ပြောပါတယ်။

လီဗာပူးနှင့် ယှဉ်ပြိုင်ရာတွင် ဟွိုက်လန်းက စွမ်းဆောင်ရည်ကို အတိုင်းအတာတစ်ခုအထိ လုပ်နိုင်မယ်လို့ ပြောကြားခဲ့တဲ့ ဒိန်းမတ်နည်းပြက တန်ဟက်ရဲ့ပြောစကားတွေကို ပြန်ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ အသင်းရဲ့ရှေ့တန်းမှာ ဟွိုက်လန်းမပါရှိတော့တဲ့ အချိန်မှာ ရုန်းကန် မှုတွေကို ထိပ်တိုက်ရင်ဆိုင် နိုင်ခဲ့ပါတယ်။

မားကပ်ရက်ရှ်ဖို့ဒ်ဟာ မန်စီးတီးနှင့်ပွဲမှာ အထောင်တိုက်စစ်နေရာတွင် ကစားခဲ့ပြီး ဟွိုက်လန်းဒဏ်ရာရရှိပြီးကတည်းက ယူနိုက်တက်ဟာ သွင်းဂိုး ၅ ဂိုးသာ သွင်းယူထားနိုင်တာဖြစ်ပါတယ်။ အဲ့ဒီထဲက ၂ ဂိုးဟာ စနေနေ့က အဲဗာတန်နဲ့ပွဲက ပင်နယ်တီ ၂ ဂိုးဖြစ်ပါတယ်။

ယခုရာသီဆုဖလားအနိုင်ရရန် နောက်ဆုံး အခွင့်အရေးကို ကိုယ်စားပြုနေတဲ့ ပွဲစဉ်မတိုင်မီ ဟွိုက်လန်းရဲ့ ကြံ့ခိုင်မှုဆိုင်ရာ နောက်ဆုံးသတင်းကို ယူနိုက်တက်ပရိသတ်များက စိတ်အားထက်သန်စွာ စောင့်မျှော်နေတာဖြစ်ပြီး တန်ဟက်ကတော့ အတည်မပြုနိုင်သေးတာဖြစ်ပါတယ်။ ပွဲထွက်ကစားသမားအနေနဲ့ပဲဖြစ်ဖြစ် အရန်ကစားသမားနေနဲ့ပဲဖြစ်ဖြစ် ဟွိုက်လန်း ပါဝင်လာမယ်ဆိုရင် ယူနိုက်တက်အတွက် တနင်္ဂနွေနေ့ မဟာပြိုင်ဘက်လီဗာပူးနှင့်ပွဲမှာ ကြီးမားတဲ့ ခွန်အားကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

#ဒိန်းမတ် #အက်ဖ်အေဖလား #ဟွိုက်လန်း #ဟုချ်မန်း