ရှေ့သို့
Image

ဂျရတ်ရဲ့ ဆော်ဒီသို့ ပြောင်းရွှေ့မှုအပေါ် ရှင်းပြလိုက်တဲ့ လီဗာပူးအသင်းဖော်ဟောင်း ရော်ဘီဖောင်လာ

10:55 AM, 23 December

ဂျရတ်ရဲ့ ဆော်ဒီသို့ ပြောင်းရွှေ့မှုဟာ ငွေကြေးရဲ့တွန်အားပေးမှုတွေပါဝင်နေပြီး လီဗာပူးကစားသမားဟောင်းဟာ အင်္ဂလန်သို့ ပြန်လာပြိး လုပ်ကိုင်နိုင်ပါတယ်လို့ ရော်ဘီဖောင်လာက ပြောကြားလိုက်ပါတယ်။

အယ်လ်အစ်တီဖက်ကို နည်းပြအဖြစ် တာဝန်ယူဖို့အတွက် လီဗာပူးနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ အသင်းခေါင်းဆောင်ဟောင်းဟာ ဥရောပကနေ အရှေ့အလယ်ပိုင်းသို့ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ သူဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ၁၉ ပွဲမှာ ၇ ပွဲသာ အနိုင်ရရှိထားကာ နည်းပြဘဝ နာမည်ကောင်းကို ပြန်လည်ရရှိဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

စကော့တလန်မှာ ရိန်းဂျားနှင့်အတူ အောင်မြင်မှုများရရှိခြင်းက မြန်မြန်ဆန်ဆန်ပဲ မေ့ပျောက်သွားခဲ့ရပါတယ်။ ဒါပေမဲ့ မွေးရပ်မြေမှာ အခွင့်ရေးပိုမိုရရှိဖို့ ဂျရတ်ဘက်မှာ သက်သေပြရမယ့်အချက်တွင် ဆော်ဒီမှာလည်း သက်သေပြရမှာလည်း ပါဝင်နေပါတယ်။

အရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့ဖြစ်ခဲ့ပုံနှင့် အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲလို့မေးရာတွင် အန်ဖီးလ်မှာတုန်းက ဂျရတ်ရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ ဖောင်လာက "ဂျရတ်က ထိပ်တန်းနည်းပြဖြစ်လာမှာလားဆိုတော့ ဖြစ်လာမှာပါ။ ကျွန်တော်က သူ့ကိုသဘောကျပါတယ်။ လူပုဂ္ဂိုလ်အနေနဲ့ရော နည်းပြအဖြစ်ပါ သဘောကျတာပါ။ သူဟာ အက်စ်တွန်ဗီလာမှာ‌ ကောင်းကောင်းမလုပ်နိုင်ခဲ့တာကြောင့် ဆော်ဒီသို့ သွားပြီး အကောင်းဆုံးလုပ်မယ်လို့ သူ့ကိုယ်သူပြောခဲ့မှာပါ"

"သူ့ကိုယ်သူ ပြန်လည်ဆန်းသစ်ပြီး ရိန်းဂျားမှာရှိခဲ့တဲ့နည်းပြအဖြစ် ပြန်သွားနိုင်မလားဆိုတဲ့ ငြင်းခုံစရာတော့ရှိပါတယ်။ သူက အရမ်းကိုကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့တာပါ။ ပွဲတွေမှာလည်း အကောင်းဆုံး ပြောကြားခဲ့သူပါ။ ဂျရက်အတွက် မပြောပေးနိုင်သော်လည်း ဒါဟာ အခွင့်အလမ်းပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါတွေကို ကျော်ဖြတ်နိုင်ရင်တော့ သူ့အတွက်‌ ကောင်းတာတွေ့ပဲဖြစ်လာမှာပါ။ ရေရှည်အစီစဉ်အတွက် ပြောရမယ်ဆိုရင် ပထမဆုံးအနေနဲ့ အကောင်းဆုံးလုပ်ဖို့အတွက် စိတ်ထားရမှာဖြစ်ပါတယ်။ တကယ့်အစစ်အမှန်ကတော့ ငွေကြေးကြောင့်ဖြစ်ပြီး အဲ့ဒီကနေ ထွက်ခွာကာ ပရီးမီးယားလိဂ်သို့ ပြန်လာအုံးမယ့်လို့ မထင်သေးပါဘူး။ အဲ့ဒီသွာတဲ့ ကစားသမားတွေနဲ့ နည်းပြတွေအားလုံးက ပစ္စုပ္ပန်အတွက်သာ စဉ်းစားထားပြီး အနာဂတ်အတွက် မစဉ်းစားထားကြပါဘူး" လို့ ဖောင်လာက ပြောပါတယ်။

ဂျရတ်ဟာ ဗီလာရဲ့နည်းပြအဖြစ် ပွဲ ၄၀ ကိုင်တွယ်ခဲ့ပြီး သူထွက်ခွာသွားကတည်းက အမ်မရီက ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်ဖို့အလားလာရှိနိုင်တဲ့အသင်းအဖြစ် ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ သူဟာ တစ်နှစ်ကို ပေါင် ၁၅သန်း (ယူရို ၁၉သန်း) လောက်ရမယ့် စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့အသင်းဟာ ဟန်ဒါဆင်နှင့် ဝီဂျန်နယ်ဒန်တို့လို ကစားသမားတွေရှိနေပါတယ်။

#လီဗာပူး #အပြောင်းအရွှေ့ #စတီဗင်ဂျရတ် #ရော်ဘီဖောင်လာ