ရှေ့သို့
Image

အာဆင်နယ်စတားတစ်ဦးကို ထိန်းချုပ်ကစားဖို့ပြင်ဆင်လာခဲ့ကြောင်း ပီပီ ထုတ်ဖော်ပြောကြား

11:18 AM, 13 March

ပေါ်တိုနောက်ခံလူ ပီပီက မိမိတို့ဟာ အာဆင်နယ်နဲ့ပွဲမှာ အိုဒီဂတ်ကို ထိန်းချုပ်ကစားဖို့ ပြင်ဆင်လာခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပေါ်တိုဟာ ပထမ အကျော့တုန်းက ၁-၀ နဲ့ အနိုင်ရရှိထားခဲ့ကာ အခုဒုတိယအကျော့မှာ ထရိုဆက်ရဲ့ဂိုးကြောင့် ၁-၁ သရေကျခဲ့ပြီး ပင်နယ်တီအထိ ရောက်ခဲ့တာဖြစ်ပါတယ်။ ၂ သင်းကြား လက်ကျန်မိနစ်တွေ ဆက်ကန်ခဲ့ပေမယ့် ၁-၁ သရေကျခဲ့တာကြောင့် ပင်နယ်တီ အထိ ဆက်သွားခဲ့ရကာ အာဆင်နယ်က ရာယာရဲ့လက်စွမ်းပြမှုနဲ့အတူ ၄-၂ နဲ့အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အိုဒီဂတ်ဟာ ထရိုဆက်ရဲ့သွင်းဂိုး ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ပေါ်တိုနောက်တန်းကို အလုပ်များစေခဲ့တာဖြစ်ပါတယ်။ ပီပီကလည်း မိမိတို့အသင်းဟာ အိုဒီဂတ်ကို ထိန်းချုပ်ကစားဖို့ ပြင်ဆင်လာခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ပထမဆုံးအသင်းပရိသတ်တွေကို ကျေးဇူးတင်ချင်ပါတယ်။ သူတို့အကောင်းဆုံး အားပေးခဲ့ကြပါတယ်။ ဒုတိယက ကျွန်တော်တို့ အခုလိုမျိုးထွက်ခွာခဲ့ရလို့ ရှက်မိပါတယ်။ ဒါပေမယ့် အဲ့တာက ဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်တို့က အသင်း တစ်သင်းအဖြစ် စုစည်းနိုင်ခဲ့သလို အာဆင်နယ်ကိုလည်း သူတို့အိမ်ကွင်းမှာ ခက်ခဲအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီနေ့မှာ သူတို့ပထမကန်ချက်ကနေ ဂိုးရခဲ့တာပါ။ ဒီနေ့မှာ အသင်းဖော်တွေကို ချီးကျူးချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နည်းပြခိုင်းတဲ့အတိုင်းလုပ်နိုင်ခဲ့ကြလို့ပါ။ ဒါပေမယ့် အခိုက်အတန့်အချို့တွေမှာ ကျွန်တော်တို့ကောင်းမွန်ခဲ့သလို ဂိုးလည်းသွင်းနိုင်ခဲ့သင့်ပါတယ်။ အဲ့တာက ကျွန်တော်တို့စီစဉ်တာရဲ့အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် ကံမကောင်းတာက ကျွန်တော်တို့ နောက်တစ်ဆင့်မတက်နိုင်ခဲ့ပါဘူး။ အာဆင်နယ်က အသင်းကောင်းတစ်သင်းဆိုတာ မေ့လို့မရပါဘူး။  ပရီးမီးယားလိဂ်မှာ သူတို့ဂိုးတွေအများကြီးသွင်းထားပါတယ်”

“ကျွန်တော်တို့ ဒီနေ့မှာသေချာလေးပြင်ဆင်လာခဲ့ပြီး အိုဒီဂတ်ကို ထိန်းချုပ်ကစားဖို့ စီစဉ်လာခဲ့တာပါ။ ကျွန်တော်တို့ဘာလုပ်နေလဲဆိုတာ သိပါတယ်။ ဒါပေမယ့် ကံမကောင်းတာက ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ သူတို့မှာ ကံကောင်းမှုရှိခဲ့ပါတယ်။ ပင်နယ်တီမတိုင်ခင် ကျွန်တော်တို့ အနိုင်ကန်ဖို့ ပြင်ဆင်ထားတာပါ။ ဒါက ကျွန်တော်တို့ ကြိုတင်ပြင်ဆင်လာတဲ့အရာပါ။ ခံစစ်အနေအထားမှာ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ကံမကောင်းတာက ကျွန်တော်တို့ အချိန်ကြာလာတာကြောင့် မောပန်းမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပွဲနဲ့အမြဲတမ်း ချိတ်ဆက်နိုင်ခဲ့သလို အသင်းဖော်တွေ နဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရမှာပါ။ ကျွန်တော်တို့ ဒီပွဲကဖြစ်ရပ်ကို သင်ခန်းစာယူပြီး ရှေ့ဆက်သွားရပါမယ်”လို့ ပီပီက ပြောကြားခဲ့ပါတယ်။

#ပီပီ #အာဆင်နယ် #အိုဒီဂတ် #ချန်ပီယံလိဂ် #ပေါ်တို