ရှေ့သို့
Image

ပေါ်တိုရဲ့အချိန်ဆွဲကစားမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ပြောပြလာတဲ့ အိုဒီဂတ်

10:03 AM, 12 March

မာတင်အိုဒီဂတ်က အာဆင်နယ်အသင်းဟာ ၁၄နှစ်အတွင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ဖို့အတွက် ပေါ်တိုရဲ့ အချိန်ဆွဲကစားမှုကို ရင်ဆိုင်ရန်အသင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ ပေါ်တူဂီမြေမှာ ပေါ်တိုကို ရင်ဆိုင်ခဲ့စဉ်က ဂိုးပေါက်တည့်မှုတစ်ကြိမ်မှမရှိဘဲ ၁-၀ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ပေါ်တိုအသင်းဟာ အာဆင်နယ်ကို ခပ်ကြမ်းကြမ်းတုံ့ပြန်ကစားခဲ့ပြီး ၃၆ကြိမ်အထိ ပြစ်ဒဏ်ဘောလုပ်ခဲ့သလို အချိန်ဆွဲမှုတွေလည်း ပြုလုပ်ခဲ့တာကြောင့် အာတီတာရဲ့အသင်းဟာ ပွဲကို ဟန်ချက်ညီညီကစားဖို့ ရုန်းကန်ခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ စနေညကလည်း အချိန်ဆွဲကစားတတ်တဲ့ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကိုင်ဟားဗက်ဇ်ရဲ့နောက်ကျဂိုးနဲ့အတူ အနိုင်ရခဲ့ပါတယ်။

အိုဒီဂတ်က"ပွဲတစ်ပွဲချင်းစီမှာ မတူညီတဲ့ အရာတွေကို ကျွန်တော်တို့ အမြဲ ကြုံရလေ့ ရှိပါတယ်။ ပေါ်တို နဲ့ ပထမအကျော့ ပွဲမှာဆို ပွဲက ပြစ်ဒဏ်‌ဘောတွေ ဖြစ်လိုက် ခဏခဏ ပွဲရပ်လိုက် ပြန်စလိုက် နဲ့ အကြိမ် အတော်များများ ဖြစ်နေတော့ ကစားရတယ်ကို မရှိခဲ့ပါဘူး" "ဘရန့်ဖို့ဒ်နဲ့ ပွဲမှာလည်း ကျွန်တော်တို့ အဲ့ဒီလို ကြုံခဲ့ရတာကို ခင်ဗျားတို့လည်း မြင်ကြမှာပါ ။ ဒါပေမဲ့ ကျွန်တော်တို့ ကောင်းကောင်း ရင်ဆိုင် ကျော်ဖြတ် နိုင်ခဲ့ပြီး ပေါ်တို အသင်း နဲ့ ပွဲအတွက် ကောင်းမွန်တဲ့ ကြိုတင် ပြင်ဆင်မှု ဖြစ်ခဲ့ပါတယ်။ ပေါ်တိုနဲ့ ပွဲက အရာတွေကို သင်ခန်းစာ ယူပြီး ဖြစ်ကြောင်း ဘရန်းဖိုဒ့် နဲ့ ပွဲမှာ ကျွန်တော်တို့ ပြသ နိုင်ခဲ့ပါတယ်၊ မနက်ဖြန်ပွဲကျရင် ပိုပြီးကောင်းအောင် ကစားနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်"

"ပထမဦးဆုံး အနေနဲ့ ကိုယ့်ကစားမယ့် ပုံကိုပဲ အဓိက အာရုံ စိုက်သွားမှာပါ၊၊ သူတို့ ကစားမယ့် ပုံစံ လုပ်မယ့် အရာတွေ အပေါ် သိပ်ပြီး အာရုံစိုက်သွားမှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ ကိုယ့်ပွဲကိုယ် ကစားသွားမှာပါ။ ဒါက အဓိက အချက်ပါပဲ။ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ အခြေအနေ အမျိုးမျိုးတွေ အချိန်ဖြုန်း ကစားခြင်းတွေ နဲ့ ကြုံခဲ့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ခံစားချက် ကိုယ် တစ်ပွဲလုံးကောင်း‌ကောင်းထိန်းချုပ်နိုင်ခဲ့ပြီး အကောင်းဆုံး ကျော်ဖြတ် အနိုင်ယူ နိုင်ခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။

#အာဆင်နယ် #အိုဒီဂတ် #ချန်ပီယံလိဂ် #ပေါ်တို