ရှေ့သို့
Image

နွေရာသီအပြောင်းအရွှေ့ ချိတ်ဆက်နေတဲ့အပေါ် တုံ့ပြန်လိုက်တဲ့ အလီဆင်ရဲ့အေးဂျင့်

2:18 PM, 9 March

အလီဆင်ရဲ့အေးဂျင့်က သူ့ရဲ့ကစားသမားဟာ လီဗာပူးကနေ ထွက်ခွာမယ်ဆိုပြီး ချိတ်ဆက်နေတာတွေဟာ မဖြစ်နိုင်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ဘရာဇီးသားဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေကို ဒဏ်ရာပြဿနာကြောင့် နားနေရတာဖြစ်ပြီး ၂၀၁၈ အသင်းကို ရောက်လာပြီးကတည်းက ဆုဖလား

အောင်မြင်မှုတွေ ယူပေးထားနိုင်သလို စာချုပ်သက်တမ်းက ၂၀၂၇ အထိ ကျန်ရှိနေပါတယ်။ “ဘာမှမရှိပါဘူး။ ဘာချိတ်ဆက်မှုမှမရှိသလို အခုလက်ရှိအချိန်မှာ အဲ့တာက မဖြစ်နိုင်ပါဘူး”လို့ အလီဆင်ရဲ့အေးဂျင့် ဇီမာရီယာက ပြောကြားခဲ့ပါတယ်။

အလီဆင်ဟာ ကစားသမားဘဝကို ဘရာဇီးကလပ်မှာ စတင်ခဲ့ပြီး အဲ့နောက် ရိုးမားကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရိုးမားကနေ လီဗာပူးအသင်းထံ ပြောင်းရွှေ့ပြီးကတည်းက အလီဆင်ဟာ ပွဲပေါင်း ၂၅၀ ကျော် ပါဝင်ကစားခဲ့ပြီး ကလော့ပ်ထွက်ခွာမှုနဲ့ အတူ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းကြီးနေပါတယ်။ ဒါ့အပြင် ဆာလက်နဲ့ ဗန်ဒိုက်တို့လည်း ထွက်ခွာနိုင်တယ်လို့ သတင်းကြီးနေပြီး ဆာလက်ကို ဆော်ဒီမြေက ချိတ်ဆက်နေပါတယ်။

ဗန်ဒိုက်ဟာ အလီဆင်မရောက်ခင် ၆ လကြို ရောက်နေတာဖြစ်ပြီး အလီဆင် ရောက်လာပြီးချိန်မှာ လီဗာပူးမှာ ၂ ဦးသားအောင်မြင်မှုတွေ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

နယ်သာလန်သားအနာဂတ်ကလည်း ကလော့ပ်ထွက်ခွမှုနဲ့ အတူ မသေချာတဲ့အခြေအနေမျိုးဖြစ်နေပါတယ်။ “အဲ့တာက ကြီးမားတဲ့မေးခွန်းပါ။ ကျွန်တော်မသိသေးပါဘူး။ ၁၀၀% သေချာတာက ကျွန်တော်အသင်းအတွက်ပဲ အာရုံအပြည့်အဝစိုက်ထားပါတယ်။ အသင်းကိုချစ်သလို ပရိသတ်တွေကိုလည်း ချစ်ပါတယ်။ အဲ့တာက ကျွန်တော်နဲ့မဆိုင်တဲ့ သတင်းတွေပါ။ ဘာမှပြောင်းလဲလို့ မရပါဘူး။ လွန်ခဲ့တဲ့ ၅ ရက်တုန်းက ကျွန်တော်တို့ စာချုပ်အကြောင်း မပြောဖြစ်ပါဘူး။ အခုတော့ ကျွန်တော် ဒီနှစ်အတွက်အာရုံအပြည့်အဝစိုက်ထားပါတယ်”လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အိုနာနာ #ပရီးမီးယားလိဂ်