ရှေ့သို့
Image

လေ့ကျင့်ရေးကွင်းမှာ လူငယ်လေးတစ်ယောက်ရဲ့လှောင်ပြောင်ဝေဖန်ခြင်းခံခဲ့ရတဲ့ အိုနာနာ

2:04 PM, 9 March

ယူနိုက်တက်ဂိုးသမား အိုနာနာဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းကြီးအတွက်တောင် သိပ်ကစားခွင့်မရတဲ့ လူငယ်ကစားသမားလေးရဲ့ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရကြောင်း သိရှိရပါတယ်။  ယူနိုက်တက်အသင်းဟာ အိုနာနာရဲ့ အမှားအယွင်းတွေကြောင့် ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

ဂါလာတာစာရေး၊ ဘိုင်ယန်မြူးနစ်တို့နဲ့ပွဲတွေမှာ သူ ကျူးလွန်ခဲ့တဲ့ အမှားတွေက ယူနိုက်တက်ကို အုပ်စုနောက်ဆုံး နေရာအထိ ပို့ပစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ ယူရိုပါလိဂ်တောင်မရောက်ခဲ့ဘဲ ဥရောပပြိုင်ပွဲတွေကနေ စောစောစီးစီး ထွက်ခဲ့ရတာပါ။ ဒီလိုမျိုး အိုနာနာရဲ့ အမှားတွေနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေကလည်း ဝေဖန်မှုပြင်းထန်ခဲ့သလို အသင်းကြီးမှာ တော်ရုံကစားခွင့်မရတဲ့ လူငယ်ကစားသမားတစ်ယောက်ကလည်း အိုနာနာကို လေ့ကျင့်ရေးကွင်းမှာ ဝေဖန်ခဲ့တယ်လို့ သိရှိရပါတယ်။

ဒီလူငယ်ကစားသမားလေးရဲ့ နာမည်ကိုတော့ ဖော်ပြထားခြင်းမရှိဘဲ “မင်း တစ်ကြိမ်လောက် ဂိုးပေါက်ကာကွယ်မလား? ဒါမှမဟုတ် ဘာလုပ်မှာလဲ” လို့ မေးခွန်းထုတ်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။  

အိုနာနာကလည်း သူ့ရဲ့ အမှားတွေနဲ့ပတ်သက်လို့ ယုံကြည်ချက် ပျောက်ဆုံးခဲ့ရကြောင်း သူနဲ့ နီးစပ်သူတွေကို ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။ဒါပေမယ့်လည်း နည်းပြတန်ဟက်ကတော့ သူ့တပည့်အရင်းနဲ့ပတ်သက်လို့ အမြဲတမ်း ကာကွယ်ပြောကြားပေးခဲ့ပါတယ်။

လက်ရှိအချိန်အထိလည်း အိုနာနာက ယူနိုက်တက်ရဲ့ ဦးစားပေး ဂိုးသမားအဖြစ်ရှိနေပြီး အသင်းအတွက် ပွဲတိုင်းမှာ ပွဲထွက်ခွင့် ရရှိနေဆဲဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အိုနာနာ #ပရီးမီးယားလိဂ်