ရှေ့သို့
Image

ဆေးသုံးစွဲခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ၄ နှစ်လောက် ပွဲပယ်ခံရနိုင်တဲ့ ပေါ့ဂ်ဘာ

10:56 AM, 7 October

အီတလီသတင်းတွေအရ ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဂ်ဘာတစ်ယောက် ဆေးသုံးစွဲခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ၄ နှစ်ပွဲပယ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ယူနိုက်တက်ကွင်းလယ်လူဟောင်းဟာ သြဂုတ်လတုန်းက စစ်ဆေးမှုမှာ ဆေးသုံးခဲ့တယ်လို့ တွေ့ရှိခဲ့တာဖြစ်ပြီး B Sample မယူခင်အချိန်မှာ ဂျူဗင်တပ်စ်အသင်းကနေ ဖယ်ရှားခံထားရပါတယ်။ အခုချိန်မှာတော့ ဒုတိယနမူနာကလည်း ဆေးသုံးစွဲခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ ပြစ်မှုထင်ရှားခဲ့ရမယ်ဆိုရင် ပေါ့ဂ်ဘာအနေနဲ့ ၄ နှစ်လောက် ပွဲပယ်ခံရနိုင်တာဖြစ်ပါတယ်။

ပြင်သစ်သားဟာ ၂၀၂၂ နွေရာသီတုန်းက ယူနိုက်တက်ကနေ တူရင်မြေကိုပြန်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ် ပြန်ရောက်လာမှုက ဒဏ်ရာပြဿနာတွေနဲ့ပဲ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ဒဏ်ရာမရခင်မှာ ၁၀ ပွဲကျော်ပါဝင်ကစားခဲ့ပြီး ပွဲပယ်မခံရခင် ရာသီသစ်မှာတော့ ၂ ပွဲ ပါဝင်ကစားပေးထားပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #ပေါ့ဂ်ဘာ