ရှေ့သို့
Image

နူနက်ဇ်နှင့် လီဗာပူးအတွက် ဝမ်းသာပါတယ်လို့ ပြောကြားလိုက်တဲ့ ဆွာရက်ဇ်

1:30 PM, 5 March

နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲမှာ ဥရုဂွေးနိုင်ငံသားရဲ့ အနိုင်ဂိုး သွင်းယူခဲ့ပြီးနောက် နူနက်ဇ်အတွက် ပျော်ရွင်မိပါတယ်လို့ လီဗာပူးသူရဲကောင်းဖြစ်သူ ဆွာရက်ဇ်က ပြောကြားလိုက်ပါတယ်။ အခုတော့ အင်တာမီယာမီစတားဟာ သူ့ရဲ့လက်ရွေးစင် အသင်းဖော်ကို ချီးကျူးထားပါတယ်။

အော်လန်ဒိုစီးတီးအား အနိုင်ရရှိတဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက် ဆွာရက်ဇ်က "ကျွန်တော် ဒါကိုတွေ့ခဲ့ပါတယ်" "ကျွန်တော် မြင်တွေ့ခဲ့ပြီး လီဗာပူးအတွက် ပျော်မိပါတယ်။ နောက်ပြီးတော့ သူဟာ ဒီနေ့ခေတ်ကမ္ဘာမှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တာကြောင့် နူနက်ဇ်အတွက်လည်း ပျော်မိပါတယ်" လို့ ပြောပါတယ်။

"အသင်းကို ကူညီဖို့အတွက် ကွင်းထဲမှာရှိနေတဲ့အချိန်တိုင်း အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပြီး ဒီနေ့မှာလည်း ကျွန်တော်တို့က အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ မီယာမီ ပရိသတ်တွေလည်း ပျော်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်" လို့ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဆွာရက်ဇ်က ပြောကြားထားပါတယ်။

#လီဗာပူး #ဆွာရက်ဇ် #ဒါဝင်နူနက်ဇ် #ပရီးမီးယားလိဂ်