ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်( ရှုံးထွက်) အာဂျင်တီးနား - သြစတြေးလျ ပွဲကြိုခန့်မှန်းချက်(နံနက် ၁း၃၀)

1:23 PM, 3 December

ကွင်း - အာမက်ဘင်အလီကွင်း

ဒဏ်ရာရပွဲပယ်အခြေအနေ
==============
အာဂျင်တီးနား - မရှိ
သြစတြေးလျ - မရှိ


အာဂျင်တီးနားအသင်းအခြေအနေ
==============
အာဂျင်တီးနားက အုပ်စုတွင်းပွဲစဉ်တွေမှာ လူစာရင်းအပြောင်းအလဲတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရပြီး ယနေ့ညမှာ နည်းပြ စကာလိုနီတစ်ယာက် တည်ငြိမ်တဲ့လူစာရင်းနဲ့ ပွဲထွက်လာမလား စောင့်ကြည့်ရပါမယ်။

သြစတြေးလျအသင်းအခြေအနေ
==============
သြစတြေးလျရဲ့ခြေစွမ်းက မထင်မှတ်ထားလောက်အောင် ကောင်းမွန်နေပြီး အထူးသဖြင့် ခံစစ်ကောင်းမွန်မှုနဲ့အတူ ယခုလို အဆင့်တစ်ခုကို ရောက်လာတာလို့ကောက်ချက်ချနိုင်ပါတယ်။

ခန့်မှန်းချက်
======
အာဂျင်တီးနားက ပိုလန်ကို အနိုင်ယူခဲ့ပြီးနောက် ၁၆သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်ရောက်ဖူးတာကတော့ ၂၀၁၄ခုနှစ်က နောက်ဆုံးပဲ ဖြစ်ပါတယ်။ သြစတြေးလျက အုပ်စုတွင်း ပြင်သစ်နဲ့ ပထမဆုံးရှုံးပွဲကနေ ပြန်လာနိုင်ခဲ့ပြီး ၂ပွဲဆက်နိုင်ကာ အုပ်စုဒုတိယနေရာကနေ တက်လာတာဖြစ်ပေမယ့် အာဂျင်တီးနားနဲ့ လာတွေ့နေတာက အခက်အခဲတစ်ရပ်ဖြစ်နေပါတယ်။

အာဂျင်တီးနားရဲ့ ယနေ့ည အကြောပေးမှုက အတော်လေးပြင်းထန်ပေမယ့် ဂိုးပေါင်းကပျော့နေတဲ့ အခြေအနေမှာ ဂိုးတွေအများကြီး မမြင်ရနိုင်လို့ ဂိုးအောက်ကို ကြိုက်ပါတယ်။

အာဂျင်တီးနား - သြစတြေးလျ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၃) ကြိမ်
---------------------------------------------------------------------
အာဂျင်တီးနား ၁ - ၀ သြစတြေးလျ (၁၀-သြဂုတ်-၂၀၀၈)
သြစတြေးလျ ၀ - ၁ အာဂျင်တီးနား (၁၁-စက်တင်ဘာ-၂၀၀၇)
သြစတြေးလျ ၂ - ၄ အာဂျင်တီးနား (၁၉-ဇွန်-၂၀၀၅)
.
အာဂျင်တီးနား နောက်ဆုံး (၅) ပွဲရလဒ်
-------------------------------------
ပိုလန် ၀ - ၂ အာဂျင်တီးနား (၁-ဒီဇင်ဘာ-၂၀၂၂)
အာဂျင်တီးနား ၂ - ၀ မက္ကဆီကို (၂၇-နိုဝင်ဘာ-၂၀၂၂)
အာဂျင်တီးနား ၁ - ၂ ဆော်ဒီ (၂၂-နိုဝင်ဘာ-၂၀၂၂)
ယူအေအီး ၀ - ၅ အာဂျင်တီးနား (၁၆-နိုဝင်ဘာ-၂၀၂၂)
အာဂျင်တီးနား ၃ - ၀ ဂျမေကာ (၂၈-စက်တင်ဘာ-၂၀၂၂)
.
သြစတြေးလျ နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
သြစတြေးလျ ၁ - ၀ ဒိန်းမတ် (၃၀-နိုဝင်ဘာ-၂၀၂၂)
တူနီးရှား ၀ - ၁ သြစတြေးလျ (၂၆-နိုဝင်ဘာ-၂၀၂၂)
ပြင်သစ် ၄ - ၁ သြစတြေးလျ (၂၃-နိုဝင်ဘာ-၂၀၂၂)
နယူးဇီလန် ၀ - ၂ သြစတြေးလျ (၂၅-စက်တင်ဘာ-၂၀၂၂)
သြစတြေးလျ ၁ - ၀ နယူးဇီလန် (၂၂-စက်တင်ဘာ-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #အာဂျင်တီးနား #၂၀၂၂ကမ္ဘာ့ဖလား #သြစတြေးလျ