ရှေ့သို့
Image

ပေါ့ဂ်ဘာကို ပျင်းရိပြီး ရိုးသားမှုမရှိတဲ့သူလို့ ဝေဖန်ပြောကြားလိုက်တဲ့ ဆောင်းနက်စ်

2:13 PM, 3 March

လက်ရှိမှာ အီတလီကလပ် ဂျူဗင်တပ်စ်အတွက် ကစားပေးနေတဲ့ ပေါ့ဂ်ဘာဟာ တားမြစ်ဆေးစစ်ဆေးမှုတွင် မအောင်မြင်ခဲ့တာကြောင့် ဘောလုံးကစားချင်းကနေ ၄ နှစ် ပွဲပယ်ခံလိုက်ရတာဖြစ်ပါတယ်။၂၀၁၈ခုနှစ်တွင် ပြင်သစ်လက်ရွေးစင်အသင်းနှင့်အတူ ကမ္ဘာ့ဖလားရရှိခဲ့တဲ့ အသက် ၃၀ အရွယ် ကစားသမားဟာ အားကစားဆိုင်ရာခုံရုံး (CAS) သို့ အယူခံဝင်ရောက်ခဲ့ပြီး အခုလိုသိရှိရတဲ့အပေါ် ကြေကွဲဝမ်းနည်းမိကြောင်း ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ကစားသမားဟောင်းရဲ့ ကာလရှည်ပြစ်ဒဏ်ကျခံရမှုကို ဘယ်သူမှ လီဗာပူးကစားသမားဟောင်း ဆောင်းနက်စ်လောက် မအံ့ဩဘဲနေမှာမဟုတ်ပါဘူး။"သူ့ရဲ့ ကစားသမားဘဝမှာကတည်းက ကျွန်တော်က ပေါ့ဂ်ဘာကို ဝေဖန်ခဲ့တာဖြစ်ပြီး ဒါကိုလည်း လူတွေက ကြိုက်ခဲ့ကြပါတယ်""ဆေးကျတဲ့အတွက် ၄ နှစ်အထိ ပွဲပယ်လိုက်တာကို သိလိုက်ရတဲ့အချိန် ဒီတစ်ပတ်မှာတော့ ဝမ်းနည်းစရာတစ်ခုပါပဲ"

"ကျွန်တော်ကတော့ ပေါ့ဂ်ဘာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ သံသယမဝင်ဖူးပါဘူး။ သူဟာ နည်းစနစ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ကောာင်းမွန်တဲ့သူဖြစ်ပြီး အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်လာဖို့အတွက် အလားအလာရှိတဲ့သူလည်းဖြစ်ပါတယ်""ဒါဟာ သူ့ရဲ့ရိုးသားမှုရှိခြင်းနဲ့ ကြိုးစားမှုမရှိခြင်းကြောင့်ဖြစ်ပြီး ဒါတွေကပဲ ကျွန်တော့်ကို အမြဲတမ်း စိတ်ပျက်စေခဲ့တာပါ။ တကယ်တန်းပြောရမယ်ဆိုရင် သူက ပျင်းရိတဲ့သူတစ်ဦးပါ"

"သူ့မှာရှိတဲ့ အရည်အချင်းတွေနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် အမှတ်ရစေမယ့် နည်းလမ်းတွေနဲ့အတူ လုပ်ဆောင်ခဲ့သင့်ပါတယ်""အဲ့ဒီလိုမလုပ်ဘဲ သူ့ရဲ့ကစားသမားဘဝကို ဖြုန်းတီးလိုက်သလို လုပ်ခဲ့တာပါ။ ၂၀၁၈ ခုနှစ် ရုရှားတွင် ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရရှိခဲ့ပြီး အသင်းရဲ့ ကစားသမားတစ်ဦးအဖြစ် အပြည့်အဝ ပေးဆပ်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး"

"ဒီလိုပုံစံတွေကြောင့် သူ့ကို ကျွန်တော်က ဝေဖန်ခဲ့တာပါ။ သူ့အပေါ် ကြီးမားတဲ့ အလားအလာရှိတယ်လို့ မြင်မိခဲ့တာကြောင့် အခုလိုဖြစ်လာတော့ ကျေနပ်အားရမှုမရှိခဲ့ပါဘူး။ ဒီလိုမျိုးဖြစ်လာမယ်လို့ အရင်ကတည်းက ကျွန်တော် ထင်ခဲ့တာပါ""ဒီလိုမျိုး စစ်ဆေးမှုတွင် တက်စ်တိုစတီရုန်းတွေ့ရှိခဲ့ရတာကို ကြားရတာက စိတ်မကောင်းဖြစ်မိပါတယ်။ ဒါဟာ အားကစားသမားတစ်ဦးမှာ မရှိသင့်တဲ့အရာပါ။ ဒီလိုဆေးတွေသုံးတာက သူ့အတွက် ခွန်အားပိုဖြစ်စေပြီး အင်အားပိုကောင်းလာစေကာ ဒေါသထွက်စေတဲ့ လူတစ်ဦးဖြစ်စေခဲ့တာဖြစ်ပါတယ်"

"အခု သူက အသက် ၃၀ ရှိနေပြီဖြစ်တာကြောင့် အဆင့်မြင့်ဆုံးနေရာမှာ သူ့ကိုနောက်ထပ် မြင်တွေ့ရမှာ မဟုတ်တော့ပါဘူး။ သူ့ရဲ့ကစားသမားဘဝအတွက်တော့ ဝမ်းနည်းဖို့ကောင်းတဲ့ အဆုံးသတ်ပဲဖြစ်ပါတယ်" လို့ ဆောင်းနက်စ်က Daily Mail သို့ ပြောပါတယ်။


#အီတလီ #စီးရီးအေ #မန်ချက်စတာယူနိုက်တက် #ဂျူဗင်တပ်စ် #ပေါ့ဂ်ဘာ