ရှေ့သို့
Image

လီဂူးဝမ်းပွဲစဉ်(၂၁) တူးလော့စ် - နန့်တက်စ် ပွဲကြိုခန့်မှန်းချက် (ည - ၈း၃၀)

6:50 AM, 11 February

ဒဏ်ရာရ/ပွဲပယ်

တူးလော့စ် - အဘူခ်လယ်၊ ကီဘန်(သေချာပေါက်လွဲ)၊ ကော်စတာ၊ ဒီယာ(မသေချာ)။

နန့်တက်စ် - ဂိုမက်စ်၊ ကိုမာ့၊ ဂါနာဂို၊ ဆိုင်မွန်(သေချာပေါက်လွဲ)၊ အာမီယန်၊ ဒက်စ်ကန့်စ်၊ ဆစ်ဆိုခို(မသေချာ)။


ခြေစွမ်းတည်ငြိမ်လာတဲ့ တူးလော့စ်တို့ တန်းဆင်းဇုန်ကပါ ရုန်းထွက်လာနိုင်ခဲ့ပါပြီ။ တိုက်စစ်ကပုံစံကောင်းရနေပြီး နောက်ဆုံး ၅ ပွဲမှာ ၁၀ ဂိုးအထိသွင်းနိုင်ခဲ့တာပါ။ နန့်တက်စ်ကတော့ လိဂ်နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပြီး ၅ ပွဲအထိရှုံးနိမ့်ထားတာပါ။ တွေ့ဆုံမှုတွေမှာ နန့်တက်စ်ကအသာရလေ့ရှိပေမယ့် လက်ရှိခြေစွမ်းအရတော့ အသာရဖို့မဖြစ်နိုင်ပါဘူး။ အိမ်ရှင်တို့ နိုင်ပွဲဆက်သွားမှာပါ။ 

.

တူးလော့စ် - နန့်တက်စ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

------------------------------------------

နန့်တက်စ် ၁ - ၂ တူးလော့စ် (၁၃-သြဂုတ်-၂၀၂၃)

တူးလော့စ် ၀ - ၀ နန့်တက်စ် (၁၄-မေ-၂၀၂၃)

နန့်တက်စ် ၁ - ၅ တူးလော့စ် (၃၀-ဧပြီ-၂၀၂၃)

နန့်တက်စ် ၃ - ၁ တူးလော့စ် (၂၈-သြဂုတ်-၂၀၂၂)

နန့်တက်စ် ၀ - ၁ တူးလော့စ် (၃၀-မေ-၂၀၂၁)

.

တူးလော့စ် နောက်ဆုံး (၅) ပွဲရလဒ်

----------------------------

ရိမ်းစ် ၂ - ၃ တူးလော့စ် (၄-ဖေဖော်ဝါရီ-၂၀၂၄)

တူးလော့စ် ၀ - ၂ လန်းစ် (၂၈-ဇန်နဝါရီ-၂၀၂၄)

ရူအန် ၃ - ၃ တူးလော့စ် (၂၁-ဇန်နဝါရီ-၂၀၂၄)

မက်ဇ် ၀ - ၁ တူးလော့စ် (၁၄-ဇန်နဝါရီ-၂၀၂၄)

ချမ်ဘရီ SF ၀ - ၃ တူးလော့စ် (၇-ဇန်နဝါရီ-၂၀၂၄)

.

နန့်တက်စ် နောက်ဆုံး (၅) ပွဲရလဒ်

----------------------------

နန့်တက်စ် ၀ - ၁ လန်းစ် (၄-ဖေဖော်ဝါရီ-၂၀၂၄)

ရိမ်းစ် ၀ - ၀ နန့်တက်စ် (၂၈-ဇန်နဝါရီ-၂၀၂၄)

နန့်တက်စ် ၀ - ၁ စတာဒီ လာဗာလ် (၂၀-ဇန်နဝါရီ-၂၀၂၄)

နန့်တက်စ် ၁ - ၂ ကလာမွန် (၁၄-ဇန်နဝါရီ-၂၀၂၄)

ပီရူး ၁ - ၄ နန့်တက်စ် (၅-ဇန်နဝါရီ-၂၀၂၄)


#ပွဲကြိုသုံးသပ်ချက် #နန့်စ် #လီဂူးဝမ်း #တူးလော့စ်