ရှေ့သို့
Image

ပထမပိုင်းအပြီး အမ်ဘာပေကို လူစားလိုက်တာက သူ့ရဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း လူးဝစ်အင်းနရစ်ဆို

9:51 AM, 2 March

ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က မနေ့ညက မိုနာကိုနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ် ပထမပိုင်းအပြီးမှာ အမ်ဘာပေကို လူစားလဲလိုက်ခြင်းက သူ့ရဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောလာခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ် ရန်းနက်စ်နဲ့ပွဲစဉ် ပွဲချိန် ၆၅မိနစ်မှာ လူစားလဲခံခဲ့ရပြီးနောက် အမ်ဘာပေတစ်ယောက် ဒုတိယအကြိမ်မြောက်အဖြစ် စောစောစီးစီး လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။


ရန်းနက်စ်နဲ့ပွဲအပြီးမှာတော့ အင်းနရစ်က အမ်ဘာပေကို စောစောစီးစီး လူစားလဲလိုက်တာဟာ ရာသီကုန်ကျရင် ထွက်ခွာသွားမယ်လို့ သတင်းကြီးနေသူမရှိဘဲ ကစားဖို့ ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အမ်ဘာပေဟာ ရာသီကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့လအတွင်းက အသိပေးခဲ့တယ်လို့ သတင်းတွေမှာ အကျယ်တဝံ့ရေးသားထားကြပါတယ်။


မိုနာကိုနဲ့ပွဲအပြီးမှာ အင်းနရစ်က "ကျွန်တော် ဘောလုံးလောကမှာ ရပ်တည်နေတာ ကြာပြီးဖြစ်ပြီး ဒီလိုကလပ်မျိုးမှာ အရာရာတိုင်းက အရေးကြီးတယ်ဆိုတာ ခင်ဗျားတို့သိသင့်ပါတယ်။ သိပ်မကြာခင်မှာပဲ ပီအက်စ်ဂျီက အမ်ဘာပေမပါဘဲ ကစားရမှာဖြစ်တာကြောင့် အသင်းအတွက် အကောင်းဆုံးအရာကို ကျွန်တော်လုပ်ခဲ့တာပါ။

တစ်ခါတစ်လေ ကျွန်တော့် ဆုံးဖြတ်ချက် မှန်နိုင်တယ်။ တစ်ခါတစ်လေ မှားနိုင်ပါတယ်။ ကျွန်တော်တို့ အမ်ဘာပေမပါဘဲ ကစားတတ်အောင်လုပ်ဖို့လိုပါတယ်။ ကျွန်တော်က အသင်းကောင်းဖို့ လိုအပ်တာအကုန်လုပ်မှာပါပဲ။ အငြင်းပွားမှုတွေ မဖြစ်ချင်ပါဘူး။ ခုလို လူစားလဲလိုက်တာကလည်း ကျွန်တော့်ဆုံးဖြတ်ချက်ပါ။"လို့ ပြောခဲ့ပါတယ်။


အမ်ဘာပေထွက်သွားပေမယ့် ပီအက်စ်ဂျီက သွင်းဂိုးရှာဖွေနိုင်ခြင်းမရှိတာကြောင့် ဂိုးမရှိသရေနဲ့သာ ပွဲပြီးသွားခဲ့ပြီး ဒုတိယနေရာက ဘရက်စ်ကို ၁၂မှတ်၊ မိုနာကိုအား ၁၃မှတ် ဖြတ်ထားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လာမယ့်ကြားရက်မှာ ဆိုစီဒက်နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ဒုတိယအကျော့အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #လီဂူးဝမ်း #အမ်ဘာပေ