ရှေ့သို့
Image

လိဒ်စ်ယူနိုက်တက်နှင့်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ယုံကြည်မှုတိုးတက်လာကြောင်း ဖွင့်ဟလာတဲ့ မူဒရစ်

12:36 PM, 1 March

လိဒ်စ်ယူနိုက်တက်အား ၃-၂ ဂိုးဖြင့် အနိုင်ရရှိတဲ့တာကြောင့် အက်ဖ်အေဖလားရဲ့နောက်တစ်ဆင့်သို့ တက်နိုင်ခဲ့တဲ့ ချဲလ်ဆီးက တက်ရောက်နိုင်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ မူဒရစ်က လက်ရှိရာသီရဲ့ ပဉ္စမမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ပျော်ရွင်နေပါတယ်။

နီကိုလက်စ်ဂျက်ဆန်က သရေကျစေမယ့်ဂိုးကို သွင်းယူခဲ့ပြီးနောက် ယူကရိန်းနိုင်ငံသားဟာ ချဲလ်ဆီးအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လိဒ်စ်က ဂျိုးဆပ်က သရေကျစေမယ့် ချေပဂိုးကို ထပ်မံ သွင်းယူနိုင်ခဲ့သော်လည်း ချဲလ်ဆီးအသင်းအား ကွာတားဖိုင်နယ်ပို့ဆောင်ပေးခဲ့တဲ့ဂိုးကို ဂယ်လာဂါက သွင်းယူပေးခဲ့ပါတယ်။

လိဒ်စ်နှင့်ကစားခဲ့တဲ့ ပွဲမှာ ချဲလ်ဆီးပရိသတ်တွေက ကလပ်ရဲ့တရားဝင်အက်ပ်တွင် အသင်းရဲ့ နံပါတ် ၁၀ ကစားသမားကို ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် မဲပေးရွေးချယ်ခဲ့ကြပါတယ်။ လက်စတာစီးတီးနှင့် ကစားမယ့် နောက်တစ်သို့ တက်ရောက်မှုမှာ အသင်းအတွက် ကူညီခွင့်ရတဲ့ပအပေါ် ကျေနပ်မိကြောင်း ချဲလ်ဆီးအတွက် ဆုဖလားပြိုင်ဆိုင်မှုအတွက် စိတ်လှုပ်ရှားမိကြောင်း ပွဲအပြီးမှာ မူဒရစ်က ပြောကြားလိုက်ပါတယ်။

"အထူးသဖြင့် အသင်းကအနိုင်ရခဲ့ပြီး ကျွန်တော်သွင်းလိုက်တဲ့အတွက် အရမ်းကောင်းတဲ့ခံစားချက်တွေရှိပါတယ်" "အနိုင်ရတဲ့အချိန်တိုင်းက အသင်းကို ယုံကြည်မှု တိုးလာစေဖို့ ကူညီပေးပြီး အထူးသဖြင့် ဒီဖလားပွဲမှာ ကျွန်တော်တို့အသင်းက ရှေ့ဆက်ပြီး နောက်ထပ်ဖိုင်နယ်ကို တက်လှမ်းဖို့ ကြိုးစားနေတာကြောင့် အခုလို အနိုင်ရခဲ့တာပါ" လို့ မူဒရစ်က ပြောပါတယ်။

ဝင်ဘာလေမှာ ကစားခဲ့တဲ့ ကာရာဘောင်ဖလားဖိုင်နယ်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပုံစံကောင်းပြန်ရဖို့ ပစ်မှတ်ထားနေတာကြောင့် ချဲလ်ဆီးကို အက်ဖ်အေဖလားပြိုင်ပွဲမှာ နောက်တဆင့်တက်စေခဲ့တာလည်းဖြစ်ပါတယ်။

"နောက်ဆုံးရှုံးခဲ့တဲ့ပွဲအတွက် ကစားသမားတိုင်းက စိတ်ပျက်နေတာကြောင့် အနိုင်ရဖို့က အရမ်းအရေးကြီးပါတယ်" "ကျွန်တော်တို့က ဆက်သွားရမှာဖြစ်ပြီး ဝမ်းနည်းဖို့လည်း မတတ်နိုင်ပါဘူး။ နောက်တစ်ပွဲ ပြီးရင် နောက်တစ်ပွဲနဲ့ နောက်တစ်ပွဲကို အနိုင်ရမှာဖြစ်ပါတယ်" "အထူးသဖြင့် ဂိုးသွင်းယူတဲ့အခါ ယုံကြည်မှုကို မြှင့်တင်ပေးဖို့ အကူအညီဖြစ်စေပါတယ်။ ရည်မှန်းချက်တိုင်းက ကစားသမားတစ်ဦးစီတိုင်းကို တိုးတက်စေပြီး ပိုကောင်းလာစေရန် ကူညီပေးပါတယ်" လို့ မူဒရစ်က ပြောပါတယ်။
#လိဒ်စ်ယူနိုက်တက် #အက်ဖ်အေဖလား #မူဒရစ်