ရှေ့သို့
Image

ဘရိုက်တန်ကို အနိုင်ရရှိခဲ့ပြီးနောက် ဟွမ်ဟီချန်းရဲ့ ဒဏ်ရာအခြေအနေကို ပြောကြားလိုက်တဲ့ ဂယ်ရီအိုနေးလ်

11:16 AM, 1 March

ဗုဒ္ဓဟူးနေ့က အက်ဖ်အေဖလား ပဉ္စမအကျော့မှာ ဝုဗ်ဟာ ဘရိုက်တန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယပိုင်းမှာတော့ တောင်ကိုးရီးယားလက်ရွေးစင်ဟာ လူစားလဲခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က ရှက်ဖီးယူနိုက်တက်အား ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမတိုင် သွေးပူလေ့ကျင့်ခန်းတွင် ဟွမ်ဟာ ဒဏ်ရာ ရရှိခဲ့ပေမယ့် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ၈၅ မိနစ်အထိ ကစားခဲ့ပါတယ်။ သို့သော်လည်း အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ တံကောက်ကြောဒဏ်ရာကြောင့် ဝုဗ်ရဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မိနစ် ၆၀ လောက်တောင် မကစားခဲ့ရဘဲ စနေနေ့ နယူးကာဆယ်နှင့်ပွဲစဉ်အတွက် ပါဝင်ဖို့ မသေချာနေတာဖြစ်ပါတယ်။

"ဟွမ်က သူ့ရဲ့ တံကောက်ကြောဒဏ်ရာကို သိသိသာသာ ခံစားခဲ့ရတာကြောင့် ကစားသမားရွေးချယ်ရာတွင် အသင်းအတွက် အခက်ခဲရှိနေပါတယ်" လို့ ဝုဗ်အသင်းနည်းပြ အိုနေးလ်က ဗုဒ္ဓဟူးနေ့က ဘရိုက်တန်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ 'ဒါပေမယ့် အသင်းရှိကျန်တဲ့သူတွေထဲက ကစားဖို့သင့်တော်တဲ့ သူတွေကို ကြိုးစားပြီးရွေးချယ်သွားမှာပါ။ ဆိုလိုချင်တာက ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ရက် ၂ ရက်ပဲ ရှိပါတယ်" "သူ့ရဲ့ဒဏ်ရာက အရမ်းကြီး မပြင်းထန်ပါဘူး။ ဒါပေမယ့် တနင်္ဂနွေမှာ သူကနိုင်မယ်ဆိုရင်တော့ ကျွန်တော် အံ့သြသွားမှာပါ" "ဝင်ရောက် ကစားပေးတဲ့ သူတွေက ခံစစ်ပိုင်း အရမ်းကောင်းတယ်။ ဒွိုင်ရယ်ဆိုရင် အရမ်းကောင်းမွန်ပြီး ဘယ်လီဂရိတ်ကလည်း ပြိုင်ဘက်တွေကို ဒုက္ခကောင်း ကောင်းကောင်း ပေးနိုင်သူဖြစ်ပါတယ်။ ပွဲမှာ ဒီလိုအပြောင်းအလဲလုပ်နိုင်ပြီး နိုင်ပွဲရရှိအောင် ဖော်ဆောင်နိုင်တဲ့အတွက် ဝမ်းသာမိပါတယ်" "ကျွန်တော်တို့က လူနည်းစုဖြစ်ပြီး ကစားသမားတွေကို ဒဏ်ရာမရအောင် ထိန်းထားဖို့ မတတ်နိုင်တာကြောင့် ပါးပါနပ်နပ်လုပ်ဖို့ လိုပါတယ်။ ဒါပေမယ့် ဟွမ်ကလွဲရင် ကျွန်တော်တို့ ကောင်းကောင်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်" လို့ နည်းပြက ပြောပါတယ်။
#ဘရိုက်တန် #ဟွမ်ဟီချန် #ပရီးမီးယားလိဂ် #အိုနေးလ်