ရှေ့သို့
Image

ဆေးသုံးစွဲမှုကြောင့် ဘောလုံးလောကကနေ ၄ နှစ်ပိတ်ပင်ခံလိုက်ရတဲ့ ပေါလ်ပေါ့ဂ်ဘာ

8:13 AM, 1 March

ဆေးသုံးစွဲမှုကြောင့် ပေါလ်ပေါ့ဂ်ဘာတစ်ယောက် ဘောလုံးလောကကနေ ၄ နှစ်ပိတ်ပင်ခံလိုက်ရပြီဖြစ်ပါတယ်။ သတင်းတွေအရ ပေါ့ဂ်ဘာနဲ့ သူ့အသင်းဟာ ဆေးသုံးစွဲမှုတိုက်ဖျက်ရေးရုံးက ချမှတ်တဲ့ ၄ နှစ်ပွဲပယ်ပြစ်ဒဏ်ကို လက်ခံလိုက်ပြီလို့ သိရပါတယ်။

၂၀၂၃ သြဂုတ်လ ၂၀ ရက်နေ့တုန်းက အူဒီးနီးစ်နဲ့ပွဲအပြီးမှာ ပေါ့ဂ်ဘာ ဆေးသုံးခဲ့တယ်လို့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မတ်လမှာ အသက် ၃၁ နှစ်ပြည့်မယ့် ပေါ့ဂ်ဘာဟာ အခုလိုကာလရှည်ပိတ်ပင်ခံရမှုကြောင့် ဘောလုံးသမားဘဝက အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။

နောက်ထပ်သတင်းတွေအရ ပေါ့ဂ်ဘာဟာ အဆိုပါအရေးယူခံရမှုကို အယူခံဝင်မယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ အူဒီးနီးစ်နဲ့ပွဲတစ်ခုလုံးကို အရန်ခုံမှာပဲ ထိုင်ခဲ့ရတာဖြစ်ပြီး အဲ့နောက် ဘိုလော့ဂ်နာ ၊ အမ်ပိုလီနဲ့ပွဲတွေမှာမှ လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာတစ်ယောက် အဆိုပါစစ်ဆေးမှုဖြစ်ပြီး စက်တင်ဘာ ၁၁ ကတည်းက ဘောလုံးမကစားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့တုန်းက ဆေးသုံးစွဲမှုတိုက်ဖျက်ရေးဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး “ကျွန်တော်တို့ အဲ့တာကို ကြေညာချင်ပါတယ်။ ပေါ့ဂ်ဘာတစ်ယောက် ဆေးသုံးခဲ့တယ်ဆိုတဲ့ တွေ့ရှိချက်ကိုရခဲ့ပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ စည်းမျည်း ၂.၁ နဲ့ ၂.၂ ကို ချိုးဖောက်ခဲ့တာပါ”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ ဆေးသုံးစွဲမှုတွေ့ရှိခဲ့ပေမယ့် ၂၀၂၃ - ၂၄ ရာသီအစကို ပါဝင်ခွင့်ရခဲ့ကာ ဒဏ်ရာရရှိနေချိန် ၁၀ ပွဲလောက်သာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ယူနိုက်တက်မှာ ခြေစွမ်းပျောက်ဆုံးခဲ့ပြီးနောက် ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်စ်အသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၆ တုန်းက ဂျူဗင်တပ်စ်ထံကနေ ယူနိုက်တက်ထံ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉.၃ သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပထမရာသီမှာအသင်းနဲ့အတူ ယူရိုပါလိဂ် နဲ့ လိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။ အဲ့နောက် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ၂၀၁၈ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့ရာမှာတော့ အဓိကနေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲ့မတိုင်ခင် ၁ လလောက်ကတည်းက ပေါ့ဂ်ဘာတစ်ယေယာက် ဆေးစစ်မှုရာမှာ ဆေးသုံးစွဲခဲ့တယ်လို့ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ကစားသမားဘဝတစ်လျှောက် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး အဲ့ထဲမှာ လီဗာပူးဂန္ထဝင် ဂရေမီဆောင်းနက်စ်လည်း ပါဝင်နေပါတယ်။ “သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကွင်းလယ်လူတစ်ဦးဖြစ်နိုင်မယ့်အရည်အချင်းတွေ အပြည့်ရှိတဲ့ကစားသမားပါ။ လူငယ်ကစားသမားတစ်ဦးအနေနဲ့ အချိန်တော်တော်များများကို စိတ်ခံစားချက်တွေနဲ့ဖြတ်သန်းခဲ့ရတယ်လို့ ကျွန်တော် မြင်ပါတယ်။ အဲ့တာက သူ့ကို စိတ်ပျက်စေခဲ့တာပါ။ ရုပ်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်ပိုင်းဆိုင်ရာမှာလည်း သူက မှန်ကန်တဲ့အာရုံစိုက်မှုမရှိခဲ့ပါဘူး”လို့ ဆောင်းနက်စ်က ပြောကြားခဲ့ပါတယ်။

#ပေါ့ဂ်ဘာ