ရှေ့သို့
Image

၂၀၂၄ မေဂျာလိဂ်ချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားနေကြောင်း အင်တာမီယာမီစတား ဆွာရက်ဇ် အခိုင်အမာဆို

9:27 AM, 23 February

အင်တာမီယာမီတိုက်စစ်မှူးသစ် လူးဝစ်ဆွာရက်ဇ်က မိမိတို့အသင်းဟာ ၂၀၂၄ ခုနှစ်ရဲ့မေဂျာလိဂ်ချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားနေတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

လက်ရှိအင်တာမီယာမီမှာ နာမည်ကြီး ကစားသမားအများအပြားရှိနေပြီး ဆုဖလားစိန်ခေါ်နိုင်စွမ်းရှိနေပါတယ်။ ရာသီအဖွင့်ပွဲအဖြစ် Real Salt Lake နဲ့ပွဲမှာ အင်တာမိုင်ယာမီဟာ ၂-၀ နဲ့အနိုင်ရရှိခဲ့ပါတယ်။

အဲ့နောက် ဆွာရက်ဇ်က “အသင်းအားလုံးက ခင်ဗျားကို အနိုင်ကန်ချင်နေတဲ့ပြဿနာ ရှိနေပါတယ်။ သူတို့အားလုံးက ခင်ဗျားနဲ့ယှဉ်ပြိုင်ချင်နေကြပါတယ်။ ဘာကြောင့်လဲ?။ ခြုံပြောရရင် ကျွန်တော်တို့က ဆုဖလားစိန်ခေါ်နိုင်မယ့်အသင်းဖြစ်တာကြောင့်ပါ။ သူတို့ကျွန်တော်တို့လိုချင်တာ သိပါတယ်။ ကျွန်တော်တို့ ဘယ်လောက်ရည်မှန်းချက်ကြီးလဲဆိုတာ သူတို့သိပါတယ်။ ပထမဆုံးပွဲကို အနိုင်ရလဒ်နဲ့ အဆုံးသတ်နိုင်လို့ ကျွန်တော်အရမ်းပျော်ပါတယ်။ အဲ့တာက အရေးပါတဲ့နိုင်ပွဲပါ။ ကျွန်တော်တို့ ကွင်းထဲမှာကော ကွင်းပြင်ပမှာပါ သူငယ်ချင်းတွေရှိနေပါတယ်။ အသင်းကို ကျွန်တော်တို့အကောင်းဆုံး ကူညီပေးသွားမှာပါ။ ပထမဆုံးဆုဖလားကို ရယူနိုင်ဖို့ထက် ပိုကြီးမားတဲ့ အိပ်မက်မရှိပါဘူး။ အဲ့တာက ကျွန်တော်တို့မရသေးတဲ့ဆုဖလားပါ။ အဲ့တာက ကျွန်တော်တို့ ပစ်မှတ်ပါ။ ကျွန်တော်ကော တစ်သင်းလုံးကော ဆုဖလားရဖို့ စိန်ခေါ်ထားပါတယ်”လို့ ဆွာရက်ဇ်က ပြောကြားခဲ့ပါတယ်။

အင်တာမီယာမီဟာ အခုရာသီမှာချန်ပီယံဖြစ်နိုင်ဖို့ ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်ဖို့ လိုအပ်နေပါတယ်။ လက်ရှိအသင်းရဲ့တိုက်စစ်မှာ မက်ဆီနဲ့ ဆွာရက်ဇ်တို့ရှိနေတာကြောင့် မာတီနိုရဲ့လူအင်အားက အခြားအသင်းတွေထက် ပိုအင်အားတောင့်တင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

#ဆွာရက်ဇ် #အင်တာမီယာမီ