ရှေ့သို့
Image

အက်စ်တွန်ဗီလာကနေ အထုတ်ခံရပြီးကတည်းက ကမ်းလှမ်းမှုကောင်း၂ခုကို ငြင်းခဲ့ကြောင်း ဂျရတ် ထုတ်ဖော်ပြောကြား

12:41 PM, 13 April

အက်စ်တွန်ဗီလာကနေ အထုတ်ခံရပြီးကတည်းက စိတ်လှုပ်ရှားစရာအသင်း ၁ သင်းနဲ့ နိုင်ငံအသင်းနည်းပြရာထူးတွေကို ငြင်းဆန်ခဲ့ကြောင်း  ဂျရတ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဟာ ဒီရာသီရလဒ်တွေဆိုးဝါးခဲ့သလို လိဂ်ပွဲ ၂ ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။


ဂျရတ်ဟာ ပရီးမီးယားလိဂ်ကို ပြန်မလာခင် ရိန်းဂျားစ်အသင်းမှာ ၃ နှစ်ဖြတ်သန်းခဲ့တာဖြစ်ပြီး စကော့တလန်အမှတ်ပေးဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဗီလာမှာတော့ ရလဒ်တွေဆိုးဝါးခဲ့ပြီး ပွဲပေါင်း ၄၀ မှာ ၁၃ ပွဲသာ အနိုင်ရရှိခဲ့ကာ အာဆင်နယ်နည်းပြဟောင်း အမ်မရီနဲ့ အစားထိုးခံခဲ့ရပါတယ်။


၁၁ လကြာရလဒ်တွေဆိုးဝါးခဲ့ပေမယ့် ဂျရတ်ဟာ နည်းပြနေရာကို စိတ်ဝင်စားနေဆဲဖြစ်ပြီး လွန်ခဲ့တဲ့ ၆ လတုန်းက အလုပ်ကောင်းကမ်းလှမ်းခံခဲ့ရတာဖြစ်ပါတယ်။

“မင်းအနေနဲ့ အနားယူပြီး စိတ်အေးအေးထားကာ စောင့်ဆိုင်းဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ကို ကောင်းမွန်တဲ့ကမ်းလှမ်းမှုတွေနဲ့ လာခေါ်ခဲ့ပေမယ့် ငြင်းဆန်ခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ကျွန်တော့်ကောင်မလေး နဲ့ ကလေးအတွက် Uber ဒရိုင်ဘာကို နှစ်သက်နေပါတယ်”လို့ ဂျရတ်က ပြောကြားခဲ့ပါတယ်။


ဂျရတ်ကို အခုနှစ်အစောပိုင်းတုန်းက ပီအက်စ်ဂျီက ချိတ်ဆက်ခဲ့သလို ပိုလန်အသင်းကလည်း ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဗီလာအသင်းနဲ့ပတ်သက်ပြီး ဂျရတ်က “သူတို့ ကျွန်တော့်ကို ပရီးမီးယားလိဂ်ပြန်လာခွင့်ရအောင် အခွင့်အရေးပေးခဲ့ပါတယ်။ အဲ့တာက ကနဦးအောင်မြင်မှုအတွေ့အကြုံပါ။ ဘာလို့လဲဆိုတော့ အမှတ်ပေးဇယားအောက်ခြေမှာ အသင်းကို တန်းတင်ကျန်အောင် လုပ်ဆောင်နိုင်ခဲ့တာက အောင်မြင်မှုပါ။


ကျွန်တော် ပြန်လည်သုံးသပ်ဖို့ အချိန်ရှိခဲ့ပါတယ်။ ဘောလုံးမှာက အမှားတွေကနေ သင်ယူရတာပါ။ အောင်မြင်အောင် အဲ့လိုမျိုးပဲ သင်ယူရတာပါ”လို့ ဂျရတ်က ပြောကြားခဲ့ပါတယ်။

ဗီလာဟာ အမ်မရီကိုင်တွယ်ပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေဆက်တိုက်ပြသနေပြီး လက်ကျန် ၈ ပွဲကစားဖို့ ကျန်နေချိန်မှာ အဆင့် ၆ နေရာမှာ ရပ်တည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၉ မှတ်အကွာအနေအထားမှာ ရှိနေပါတယ်။


#အက်စတွန်ဗီလာ #စတီဗင်ဂျရတ် #ပရီးမီးယားလိဂ်