ရှေ့သို့
Image

လာမယ့်ရာသီအတွက် နည်းပြအလုပ်ကမ်းလှမ်းခံခဲ့ရတဲ့ လူကာမိုဒရစ်

8:49 AM, 21 February

ရီးရဲလ်အသင်းဂန္ထဝင် မိုဒရစ်တစ်ယောက် အခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး ဒါမှမဟုတ် အနည်ဆုံးတော့ ဆက်နေနိုင်ဖို့လည်း များနေပါတယ်။ ဒီရာသီ ပွဲထွက်ခွင့်နည်းပါးနေသလို မိုဒရစ်တစ်ယောက်ပွဲကြီးတွေမှာ ပွဲထွက်ခွင့်မရပဲ အန်ဆယ်လော့တီလက်အောက်မှာ အလှည့်ကျပွဲထွက်ခွင့်ရရှိနေတာဖြစ်ပါတယ်။

အဆိုပါအခြေအနေတွေအားလုံးက ခရိုအေးရှားသားကို ရာသီအကုန်မှာ ထွက်ခွာစေဖို့ ညွှန်ပြနေပါတယ်။ အသက် ၃၈ နှစ်သားကို ပြီးခဲ့တဲ့ရာသီတုန်းက ဆော်ဒီမြေက စိတ်ဝင်စားခဲ့ပေမယ့် သူက ရီးရဲလ်မှာ ဆက်နေခဲ့တာဖြစ်ပါတယ်။

အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ မိုဒရစ်ဟာ ရာသီအကုန်မှာ အန်ဆယ်လော့တီရဲ့နည်းပြအဖွဲ့ထဲဝင်ရောက်ဖို့ ကမ်းလှမ်းခံထားရကြောင်း သိရပါတယ်။ တကယ်လို့ အနားယူခဲ့ရင်တော့ မိုဒရစ်တစ်ယောက် နည်းပြအဖွဲ့ထဲဝင်လာဖွယ်ရိနေပါတယ်။

အခြားတစ်ဖက်မှာတော့ မိုဒရစ်ဟာ အနားယူဖို့ထက် အနည်းဆုံးနောက်ထပ် ၁ ရာသီလောက်ထပ်ကစားချင်နေပါတယ်။ ဒီရာသီပွဲထွက်ခွင့် ဆုံးရှုံးနေတာကြောင့် မိုဒရစ်အနေနဲ့ စိတ်ပျက်နေပေမယ့် ကမ်းလှမ်းမှုအများအပြားတော့ လက်ခံရရှိနိုင်သေးတာဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #မိုဒရစ်