ရှေ့သို့
Image

နာဂယ်စ်မန်းရဲ့ပထမဆုံးပွဲစဉ်မှာ အမေရိကန်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဂျာမနီ

9:08 AM, 15 October

နည်းပြသစ် ဂျူလီယံနာဂယ်စ်မန်းရဲ့ ပထမဆုံးပွဲစဉ်မှာ ဂျာမနီအသင်းက အမေရိကန်ကို ၃-၁ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

နှစ်သင်းစလုံးအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစဉ်အတွင်း ပွဲအစပိုင်းမှာ အမေရိကန်က ပိုကောင်းခဲ့တာကို တွေ့ရပါတယ်။

ပွဲချိန်၂၇မိနစ်မှာ ပူလီဆစ်က ဂျာမနီနောက်ခံလူ တာကို ကျော်ဖြတ်ကာ တစ်ကိုယ်တော်အစွမ်းနဲ့ အမေရိကန်အတွက် ဦးဆောင်ဂိုး သွင်းယူပြသွားခဲ့ပါတယ်။

ဂျာမနီအသင်းဟာ အဓိကကွင်းလယ်လူ ကင်မစ်ရှ် မပါဝင်နိုင်တာကြောင့် ဘောလုံးကိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။

၃၉မိနစ်မှာတော့ ဂျာမနီအသင်း ချေပဂိုးရခဲ့ပြီး ဆာနေးကို အမေရိကန်ဂိုးသမား မတ်တာနာ ကာကွယ်ရာက ပြန်ထွက်လာတဲ့ဘောလုံးကို ဂမ်ဒိုဂန်က ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဂျာမနီအသင်း တိုက်စစ်ပိုဖွင့်လာခဲ့ပြီး ၃မိနစ်အတွင်း ဦးဆောင်ဂိုးနှစ်ဂိုး ရရှိခဲ့ပါတယ်။

၅၈မိနစ်မှာ တောင်ပံဖြတ်တင်ဘောကနေ လူကပ်ထားခြင်းမခံရတဲ့ ဖူလ်ခရက်က သွင်းယူကာ ဂျာမနီအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ဖူလ်ခရက်က မူစီယာလာရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့လို့ ဂျာမနီအသင်း ဂိုးပြတ်နိုင်ခဲ့ပါတယ်။

ဒေါ့မွန်တိုက်စစ်မှူး ဖူလ်ခရက်ဟာ ဂျာမနီအတွက် ၁၀ပွဲကစားပေးချိန် ၈ဂိုးသွင်းယူကာ ၂ဂိုး ဖန်တီးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

#ဂျာမနီ #နာဂယ်စ်မန်း #အမေရိကန်