ရှေ့သို့
Image

၂၀၁၄ တုန်းက ရီးရဲလ်မက်ဒရစ်ထံ ပြောင်းဖို့ နီးစပ်ခဲ့သေးကြောင်း ဆွာရက်ဇ် ထုတ်ဖော်ပြောကြား

11:26 AM, 19 February

ဘာစီလိုနာ ၊ လီဗာပူးထံမပြောင်းခင် ရီးရဲလ်အသင်းကိုပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးကြောင်း လူးဝစ်ဇ်ဆွာရက်ဇ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဥရုဂွေးသားဟာ ၂၀၁၄ နွေရာသီတုန်းက လီဗာပူးအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းအတွက် ၃၇ ပွဲမှာ ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ပီအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအပြင် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုပါ ရယူနိုင်ခဲ့ပါတယ်။ အဲ့နောက် အန်ဖီးလ်ကနေထွက်ခွာချိန်မှာတော့ သူ့ရဲ့ဦးတည်ချက်က ပြောင်းလဲသွားခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ သူ့အနေနဲ့ ၂၀၁၄ တုန်းက ရီးရဲလ်အသင်းထံ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ဆွာရက်ဇ်က ဘန်ဇီးမားတစ်ယောက် အာဆင်နယ်ကိုပြောင်းဖြစ်ခဲ့ရင် သူ့နေရာမှာ အစားထိုးနိုင်မှာဖြစ်ပေမယ့် ဘာစီလိုနာက ကြားဖြတ်ဝင်ရောက်လာခဲ့ပြီး ကတ္တလန်ကလပ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

“၂၀၁၄ ကမ္ဘာ့ဖလားမတိုင်ခင် ရီးရဲလ်အသင်းက ကျွန်တော့်ကို ခေါ်ယူချင်ခဲ့ပါတယ်။ အရာအားလုံးက လမ်းကြောင်းမှန်ပေါ်မှာရှိနေခဲ့တာပါ။ သူတို့ ဘန်ဇီးမားကို အာဆင်နယ်ထံရောင်းချဖို့ စီစဉ်ခဲ့ပါတယ်။ အားလုံးအဆင်ပြေပြီထင်တာပါ။ ကမ္ဘာ့ဖလားစတင်ချိန်မှာ ဘာစီလိုနာက အပြောင်းအရွှေ့ထဲဝင်လာပြီး ကျွန်တော် ဘာစီလိုနာကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ကိုက်ခဲ့တဲ့အခြေအနေကြောင့် မက်ဒရစ်က ကျွန်တော့်ကို စိတ်ဝင်စားမှုလျော့ကျခဲ့ပါတယ်။ ဘာစီလိုနာက ပိုစိတ်ဝင်စားပြီး အဆုံးသတ်မှာ ၂ရွေးချယ်မှု ၂ ခုရှိခဲ့ပေမယ့် ကျွန်တော် ဘာစီလိုနာကို ရွေးချယ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကျွန်တော့်အိပ်မက်ဖြစ်နေလို့ပါ”လို့ ဆွာရက်ဇ်က ပြောကြားခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ အီတလီနောက်ခံလူ ချီရယ်လီနီကို ကိုက်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့သေးတာ ဖြစ်ပါတယ်။ အခုလိုဖြစ်ရပ်ဟာ ဆွာရက်ဇ်အတွက် ကစာသမားဘ၀ တတိယအကြိမ်မြောက်လည်းဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် ရီးရဲလ်အသင်းက စိတ်ဝင်စားမှုလျော့ကျချိန်မှာ ဘာစီလိုနာက အရခေါ်ယူနိုင်ခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ ဘာစီလိုနာအတွက် ၁၉၈ ဂိုးအထိ သွင်းယူနိုင်ခဲပြီး လာလီဂါဆုဖလား ၄ ကြိမ် ၊ ချန်ပီယံလိဂ်ပါရယူနိုင်ခဲ့ကာ ၂၀၂၀ မှာတော့ တီကိုအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး လာလီဂါဆုဖလားနောက်တစ်ကြိမ်ရယူနိုင်ခဲ့ပါတယ်။ အဲ့ကတည်းက ဆွာရက်ဇ်တစ်ယောက် အင်တာမီယာမီကို မပြောင်းခင် နေဆီယွန်နယ်နဲ့ ဂရီမီယိုအသင်းတွေမှာ ကစားခဲ့ပါတယ်။

#လီဗာပူး #ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ဆွာရက်ဇ်