ရှေ့သို့
Image

ကိုပါဒဲရေးပွဲစဉ်မတိုင်ခင် ဒဏ်ရာပြဿနာနဲ့ ထပ်မံကြုံတွေ့နေတဲ့ ဘာစီလိုနာ

12:14 PM, 25 March

ဒိန်းမတ်နောက်ခံလူ ခရစ္စတီယန်ဆန်ဟာ ကြာသပတေးနေ့က ဖင်လန်ကို အနိုင်ခဲ့တဲ့ပွဲမှာ ပွဲထွက် ကစားသမားအဖြစ်ပါဝင်ခဲ့သော်လည်း မိနစ် ၂၀ မပြည့်မီတွင် ခြေသလုံးဒဏ်ရာကြောင့် ကွင်းထဲကနေထွက်သွားခဲ့ရပါတယ်။


ခရစ္စတီယန်ဆန်ရဲ့ ဒဏ်ရာကို ဆေးစစ်မှုတွေအရ အနည်းဆုံး ၃ ပတ်လောက် အနားယူရမှာဖြစ်တယ်လို့ AS ကဖော်ပြထားပါတယ်။


ဘာစီလိုနာအသင်းဟာ နိုင်ငံတကာပွဲစဉ်များပြီးနောက် ဧပြီလ ၁ ရက်နေ့မှာ အယ်လ်ချီနှင့် ကစားရမှာဖြစ်ပြီး အဲ့ဒီနောက် ၄ ရက်အကြာတွင် ကိုပါဒဲရေးဖလားဒုတိယအကျော့ပွဲစဉ်အတွက် ရီးရဲလ်မက်ဒရစ်နှင့် နူးကမ့်ကွင်းတွင် အသင်းရဲ့၏ ပထမဦးစားပေးနောက်ခံလူတစ်ဦးမပါဘဲ ကစားရတော့မှာဖြစ်ပါတယ်။


ပက်ဒရီနှင့် ဒမ်ဘီလီတို့နှစ်ဦးစလုံးကို လက်လွှတ်ထားရတာဖြစ်သလို ခရစ္စတီယန်ဆန်ကိုပါ ဆုံးရှုံးခြင်းက နည်းပြ ဇာဗီအတွက် နောက်ထပ်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပါတယ်။


အေရူဂျိုက ဒဏ်ရာကိုကုသနေတုန်းဖြစ်ပြီး ဥရုဂွေးနိုင်ငံသားဟာ အယ်လ်ချီနှင့် ရင်ဆိုင်ရမယ့်ပွဲ၌ အချိန်မီ ပြန်လည်ကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်။


ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘာစီလိုနာဟာ ရီးရဲလ်ကို ၁-၀ နဲ့ အနိုင်ရခဲ့ပေမယ့် ဇာဗီက သူ့အသင်းရဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးခြင်းမရှိခဲ့သလို ပြန်ကစားမယ့်ပွဲအတွက် ပိုကောင်းအောင် လုပ်ရမယ်လို့ လူသိရှင်ကြား သတိပေးပြောကြားခဲ့ပါတယ်။


အဲ့ဒီနောက်ပိုင်း နှစ်သင်းစလုံးဟာ လိဂ်ပြိုင်ပွဲတွင် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရသလို အနိုင်ရရှိခဲ့တာကြောင့် ဘာစီလိုနာဟာ လာလီဂါချန်ပီယံလုပွဲတွင် ရီးရဲလ်မက်ဒရစ်ကို ၁၂ အထိဖြတ်ထားနိုင်ခဲ့ပါတယ်။


အခုတော့ သူတို့ ၂ သင်းစလုံးဟာ ထိပ်တိုက်တွေ့ဆုံရအုံးမှာဖြစ်ပြီး ဘာစီလိုနာဟာ ရီးရဲလ်ကို တစ်ကျော့ပြန် အနိုင်ယူရန် ကြိုးစားနေသော်လည်း ခရစ္စတီယန်ဆန်ရဲ့ မပါဝင်နိုင်မှုက အသင်းအတွက် အနိုင်အားနည်းချက်ဖြစ်လာခဲ့ပါတယ်။


မားကို့စ်အလွန်ဆိုက ဘယ်နောက်ခံလူနေရာသို့ ပြောင်းရွှေ့ကစားဖွယ်ရှိသော်လည်း ကွန်ဒီနှင့် ဂါစီယာတို့ နှစ်ဦးစလုံးက ခရစ္စတီယန်ဆန်ရဲ့ နေရာတွင် ဝင်ရောက်ကစားဖို့ ရွေးချယ်လို့ရနေတာဖြစ်ပါတယ်။

#ဘာစီလိုနာ #ဒိန်းမတ် #နိုင်ငံတကာခြေစမ်းပွဲ #ခရစ္စတီယန်ဆန်