ရှေ့သို့
Image

အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်ရဲ့အသင်းသမိုင်းတစ်လျှောက် အကြီးမားဆုံးခေါ်ယူမှုဖြစ်ခဲ့တယ်လို့ ပြောကြားလာတဲ့ သောမတ်စ်ဖရန့်ခ်

7:57 PM, 17 February

သောမတ်စ်ဖရန့်ခ်က လက်ရှိယူနိုက်တက်ကွင်းလယ်လူ ခရစ်ရှင်အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်အသင်းသမိုင်းတစ်လျှောက် အကြီးမားဆုံးခေါ်ယူမှုဖြစ်ခဲ့တယ်လို့ ပြောကြားလာခဲ့ပါတယ်။

၂၀၂၀ ယူရိုပြိုင်ပွဲမှာ ကွင်းအတွင်း နှလုံးရပ်တန့်သွားခဲ့ဖူးတဲ့ ဒိန်းမတ်လက်ရွေးစင်ကစားသမားဟာ နှလုံးခုန်အားမြှင့်စက် တပ်ဆင်ထားရတာဖြစ်ပါတယ်။ သို့သော်လည်း အဲရစ်ဆင်ဟာ ကွင်းထဲကိုပြန်လည်ခြေချနိုင်ခဲ့ပြီး ၂၀၂၂ ဇန်နဝါရီမှာ အင်တာမီလန်ကနေ ဘရန့်ဖို့ဒ်သို့ရောက်ရှိလာခဲ့ပါတယ်။ 

ယခုအခါမှာ‌တော့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်က "အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်အသင်းသမိုင်းတ‌စ်လျှောက် အကြီးဆုံးခေါ်ယူမှုဖြစ်နိုင်ပါတယ်။ သူအသက်-၁၅ နှစ်လောက်အရွယ်တုန်းက ကျွန်တော်က ဒိန်းမတ် ယူ-၁၇ အသင်းကို နည်းပြခဲ့ဖူးတာကြောင့် အဲဒီမှာ စတင်ဆုံတွေ့ခဲ့ကြပါတယ်"

"ဇာတ်လမ်းတစ်ခုအတိုင်းပါပဲ။ အောက်တိုဘာလမှာ ကျွန်တော့်သားက အဖေ အဲရစ်ဆင်ကိုခေါ်သင့်တယ်လို့ ပြောလာခဲ့ပါတယ်။ ကျွန်တော်ကလည်း မင်းပြောတာမှန်တယ်လို့ ပြန်ပြောခဲ့တယ်။ ဒါပေမယ့် အဲဒီတုန်းက သူက ဘောလုံးပြန်ကစားမှာလား ဘာလား မသိသေးပါဘူး။ ဒီဇင်ဘာလမှာတော့ သူဘောလုံးပြန်ကစားမယ်လို့ကြေညာခဲ့ပြီး ကျွန်တော့်သားကလည်း အဖေ အချိန်ကျပြီလို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက်မှာ‌တော့ သူ့ကို ကျွန်တော်တို့ ခေါ်နိုင်ခဲ့ပါတယ်"

"အဲရစ်ဆင်က အတွေ့အကြုံရင့်၊ ယုံကြည်မှုအပြည့်ရှိပြီး အရမ်းနှိမ့်ချတတ်ပါတယ်။ ဒါက သူ့ရဲ့လမ်းစဉ်ပါ။ သူနဲ့အလုပ်တွဲလုပ်နိုင်ခဲ့တာ အတွေ့အကြုံကောင်းတစ်ခုပါပဲ" လို့ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ အဲရစ်ဆင်ဟာ ယူနိုက်တက်နဲ့ ၂၀၂၅ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေသေးပြီး လာမယ့်နွေရာသီမှာ‌တော့ အသင်းဟောင်းနဲ့ပြန်လည်ချိတ်ဆက်သွားမလား စောင့်ကြည့်ရပါမယ်။

#ဘရန့်ဖို့ဒ် #အဲရစ်ဆင်