ရှေ့သို့
Image

ပဲလေ့စ်ကို အနိုင်ရပြီးနောက် ဂယ်လာဟာရဲ့ခြေစွမ်းကို ချီးကျူးလိုက်တဲ့ ပိုချက်တီနို

11:52 AM, 13 February

ခရစ္စတယ်ပဲလေ့စ်အသင်းကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြ ပိုချက်တီနိုက အနိုင်ဂိုးရှင်ဖြစ်တဲ့ ဂယ်လာဟာရဲ့ခြေစွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။ လာမာရဲ့ပထမပိုင်းသွင်းဂိုးနဲ့ ချဲလ်ဆီးက အရေးနိမ့်နေချိန်မှာ ဂယ်လာဟာက ဒုတိယပိုင်းစပြီး ၁ မိနစ်အကြာ နဲ့ ပွဲကစားချိန် ၉၁ မိနစ်အကြာမှာ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။


အဲ့နောက် အန်ဇိုဖာနန်ဒက်ဇ်က ပွဲကစားချိန် ၉၄ မိနစ်မှာ တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး အဝေးကွင်းမှာ ၃ မှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။ ဂတ်စ်တိုရဲ့ဖြတ်တင်ဘောကနေ ဂယ်လာဟာက အဆုံးသတ်ခဲ့ပြီး ဒုတိယမြောက်ဂိုးက ချဲလ်ဆီးက အနိုင်သေချာစေခဲ့ပါတယ်။

“သူက အသင်းအတွက်အာရုံစိုက်မှုအပြည့်ရှိတဲ့ကစားသမားလို့ ထင်ပါတယ်။ ပြီးတော့ အခြေအနေတစ်ခုချင်းစီအတွက် အမြဲတမ်းကြိုးစားတဲ့ကစားသမားပါ။ ဒီလိုကစားသမားမျိုးက တန်ဖိုးမဖြတ်နိုင်ပါဘူး။ နိုင်ပွဲလိုအပ်နေချိန်မှာ ရယူပေးနိုင်ခဲ့တဲ့သူ့အတွက် ကျွန်တော်အရမ်းပျော်ပါတယ်”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

ဂယ်လာဟာတစ်ယောက် အခုဆောင်းဈေးကွက်တုန်းက အသင်းကနေ ထွက်ခွာချိန်ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ ဂယ်လာဟာတို့ရဲ့စာချုပ်သက်တမ်းက လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အနာဂတ်မသေချာသေးတာဖြစ်ပါတယ်။ ဒါမေယ့် ပိုချက်တီနိုက ဂယ်လာဟာတစ်ယောက် ပြီးခဲ့တဲ့လတုန်းက အသင်းကနေ ထွက်ခွာဖို့စိတ်ကူးမရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

“သူက အမြတမ်းဆုံးဖြတ်ပြီးသားပါ။ ချဲလ်ဆီးမှာ သူဆက်ရှိနေချင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာက သူနဲ့ကလပ်ကြားက ပြဿနာပါ။ ကျွန်တော် ဒီလိုအရာတွေမစိုးရိမ်ပါဘူး။  သူ့စာချုပ်ထဲမှာ နောက်ထပ် ၁ နှစ်ကျန်နေပါသေးတယ်။ ဒါပေမယ့် အဲ့တာက သူနဲ့အသင်းကြားက ကိစ္စပါ”လို့ ပိုချက်တီနိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပိုချက်တီနိုက ပွဲကစားချိန် ၆၁ မိနစ်မှာ လူစားလဲခဲ့တဲ့ သီယာဂိုဆေးလ်ဗားရဲ့ပေါင်ခြံဒဏ်ရာအခြေအနေကို စစ်ဆေးရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဂတ်စ်တိုရဲ့မောပန်းမှုပြဿနာကိုလည်း စစ်ဆေးရမယ်လို့ ဆိုပါတယ်။

ပိုချက်တီနိုရဲ့အသင်းဟာ ဒီပွဲမှာတည်ငြိမ်မှုမရှိသလို ၃ ပွဲမှာ လီဗာပူး နဲ့ ဝုဗ်ကို အရေးနိမ့်ခဲ့ပြီး အက်ဖ်အေဖလားမှာမှ ဗီလာကို ၃-၁ နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဗီလာနဲ့ပွဲကလိုပဲ ခရစ္စတယ်ပဲလေ့စ်ကွင်းမှာ ချဲလ်ဆီးအတွက် စိန်ခေါ်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုရယူနိုင်ခဲ့မေယ့် ဂိုးပေါက်တည့်ကန်ချက် ၁ ကြိမ်သာ ရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာမှ ချဲလ်ဆီးအသင်းက အဆုံးသတ်ပိုင်း ပိုသေချာလာခဲ့ပြီး အနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ကာရာဘောင်ဖလား ဖိုင်နယ်ပွဲမတိုင်ခင် တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ခရစ္စတယ်ပဲလေ့စ် #ပိုချက်တီနို #ဂယ်လာဟာ #ပရီးမီးယားလိဂ်