ရှေ့သို့
Image

နီကိုလက်စ်ဂျက်ဆန်က ဘယ်တောင်ပံမှာ ဘာကြောင့်ဆက်ကစားရနိုင်သလဲဆိုတာ ရှင်းပြလိုက်တဲ့ ပိုချက်တီနို

3:23 PM, 12 February

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ အက်ဖ်အေဖလားပွဲအဖြစ် အက်စတွန်ဗီလာအား အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘယ်ဘက်အခြမ်းတွင်ပါဝင်ကစားခဲ့ရပြီး ကိုးလ်ပါလ်မာကတော့ False Nine အဖြစ် ကစားခဲ့ပါတယ်။


အစောပိုင်းရက်အနည်းငယ်က အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကနေ ပြန်လာခဲ့တဲ့ ဂျက်ဆန်ဟာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့အတူ ဂယ်လာဂါရဲ့ အဖွင့်ရရှိခဲ့ရာတွင် ဂိုးဧရိယာအတွင်းမှာ လိမ်ခေါက်ပြီး ပါဝင်ခဲ့ပါတယ်။


အဲ့ဒီနောက် သူဟာ ဗီလာပါ့ခ်တွင် အနောက်လန်ဒန်သားတို့အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး တောင်ပံမှ ထွက်လာတဲ့ဘောလုံးကို ၆ ကိုက်စည်းအတွင်း ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။


ပိုချက်တီနိုကတော့ အဆိုပါနေရာတွင် ဂျက်ဆန်ကို လွတ်လွတ်လပ်လပ်ဖြင့် ဆက်လက်ကစားစေချင်နေပြီး သူ့ရဲ့ပုံစံကြောင့် အထောက်တိုက်စစ်ထက် တောင်ပံနေရာတွေနဲ့ သင့်လျော်တယ်လို့ ထင်နေတာဖြစ်ပါတယ်။


ဘယ်ဘက်အခြမ်းမှာ ကစားတဲ့ ဂျက်ဆန်ရဲ့ နေရာနဲ့ပတ်သက်ပြီး မေးတဲ့အခါ ပိုချက်တီနိုက "စမှတ်ဆိုလည်း ဟုတ်ပါတယ်။ သူက ဘယ်ဘက်မှာပါ။ ဒါပေမယ့် ဘောလုံးက လျင်မြန်ပြီး သူက လှုပ်ရှားရမှာ မဟုတ်ဘူးလား"


"သူက ဒီနေရာမှာ ကစားနိုင်တဲ့ ကစားသမားလို့ ကျွန်တော် ထင်ပါတယ်။ ထူးခြားချက်က သူရရှိဖို့ ရင်ဆိုင်ရတဲ့အခါ ဂိုးပြန်သွင်းတာထက် အမြဲတမ်း ပိုကောင်းနေတာကြောင့် ကျွန်တော် အရမ်းပျော်ပါတယ်"


"သူက ပိုပြီးအဆင်ပြေလာပါတယ်။ အရှိန်အဟုန်၊ အမြန်နှုန်းနဲ့ ဒုတိယလိုင်းသို့ရောက်ရှိမှုက ကောင်းပါတယ်"


"သူဟာ ဒုတိယလိုင်းကနေ ဘယ်လိုရောက်လာပြီး ဂိုးသွင်းယူနိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်"


"သူ့ရဲ့ပေးဆပ်မှုက အံ့သြစရာကောင်းလို့ အရမ်းပျော်မိပါတယ်။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှ ရောက်ရှိလာပြီးနောက် ပြန်လည်ကောင်းမွန်လာပြီး ဂိုးသွင်းယူဖို့က အရေးကြီးပါတယ်။သူ့ရဲ့ စွမ်းဆောင်ရည်ကို အရမ်းသဘောကျပါတယ်" လို့ ပြောပါတယ်။


ချဲလ်ဆီးအသင်းဟာ ဗီလာကိုအနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲမတိုင်မီ လီဗာပူးနှင့် ဝုဗ်တို့ကိုအားရှုံးနမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာတွင် ၈ဂိုးအထိပေးခဲ့ရပြီး ယခုပုံစံကိုဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။


"ကျွန်တော်တို့ လေ့ကျင့်နေတဲ့ပုံစံ၊ ကစားသမားတွေရဲ့ လုပ်ဆောင်ပုံ၊ ကျွန်တော်တို့ ပြသနေတဲ့ အနေအထားကြောင့် တိုးတက်နေတယ်လို့ ထင်ပါတယ်"


"နောက်ပွဲအနိုင်ရဖို့နဲ့ အက်စတွန်ဗီလာကိုအနိုင်ရရှိခြင်းကနေ ကျွန်တော်တို့က တည်ဆောက်ရမှာဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။


ချဲလ်ဆီးဟာ တနင်္လာနေ့တွင် အဓိကကစားသမား အများစု မရှိနေတဲ့ ပဲလေ့စ်နှင့် ကစားရမှာဖြစ်ပြီး အနိုင်ရရှိပါက အမှတ်ပေးဇယားမှာ အဆင့်တက်နိုင်မှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ပရီးမီးယားလိဂ်