ရှေ့သို့
Image

ချန်ပီယံလိဂ်ဝင်ခွင့်က ဂျူဗင်တပ်စ်ရဲ့အဓိကပစ်မှတ်လို့ နည်းပြ အယ်လီဂရီပြောကြား

10:49 AM, 13 February

ဂျူဗင်တပ်စ်အသင်းရဲ့ချန်ပီယံဆုအိပ်မက်ကတော့ အူဒီးနီးစ်ကို အရေးနိမ့်ခဲ့ပြီးနောက် အတားအဆီးတစ်ခုဖြစ်လာခဲ့ပါတယယ်။

ပြီးခဲ့တဲ့အပတ်က အင်တာမီလန်ကို အရေးနိမ့်ခဲ့ပြီးနောက် အခုချိန်မှာ ထပ်ပြီးအရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ အယ်လီဂရီက မိမိတို့အသင်းရဲ့အဓိကပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တယ်လို့ ဆိုပါတယ်။

“အဲ့တာက ခက်ခဲတဲ့အခိုက်အတန့်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ၃ ပွဲမှာ ၁ မှတ်ပဲ ရခဲ့ပါတယ်။ ကျွန်တော်တို့မှာ အရေးကြီးတဲ့ပစ်မှတ်ရှိပါတယ်။ အဲ့တာက ချန်ပီယံလိဂ်ပါ။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ပါ။ နောက်ဆုံး ၁၅ ရက်က အဆင်မပြေခဲ့ပါဘူး။ ကျွန်တော်တို့ အမ်ပိုလီနဲ့ ပွဲမှာ ၁၀ ယောက်ကျန်နဲ့ ကစားခဲ့ရပါတယ်။ ဒီနေ့ညမှာလည်း အူဒီးနီးစ်က ပထမပိုင်းအခွင့်အရေး ၄ ကြိမ်မှာ ဂိုးပေါက်တည့်ကန်ချက် ၁ ကြိမ်ပဲရှိပါတယ်။ ကျွန်တော်တို့ သေချာလေးမလုပ်နိုင်ခဲ့ပါဘူး။ ကောင်လေးတွေ အကောင်းဆုံးကြိုးစားပြီး ဒီအခိုက်အတန့်ကို အတူတူကျော်ဖြတ်ဖို့ လုပ်ဆောင်ရပါမယ်”

ပထမပိုင်းမှာ နည်းစနစ်ပိုင်းအရ “ကျွန်တော်တို့ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အခွင့်အရေးရလာချိန်မှာ ဂိုးသွင်းရပါမယ်။ တည်ကန်ဘောကနေ ဂိုးပေးလိုက်ရသလို ဧရိယာထဲမှာ လုံလောက်တဲ့ကစားသမားလည်းမရှိပါဘူူး။ ပြေးလွှားမှုတွေမှာလည်း လုံလောက်မှုမရှိခဲ့ပါဘူး။ ဖြတ်တင်ဘောတွေလုပ်နိုင်ခဲ့သလို ဘယ်ခြမ်းမှာလည်း အခွင့်အရေးအနည်းငယ်ပဲ တည်ဆောက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ကွင်းမှာ ရှုံးပွဲမရှိစံချိန်ထပ်မတင်နိုင်တော့တာကြောင့်ပါ။ ကျွန်တော်တို့ အလုပ်ဆက်ကြိုးစားရပါမယ်။ ပြီးရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပစ်မှတ်ထားရပါမယ်”လို့ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

အင်တာမီလန်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ၇ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ကာ ဂျူဗင်တပ်စ်လက်ထဲမှာတော့ ၁ ပွဲကျန်နေသေးတာဖြစ်ပါတယ်။

“အင်တာမီလန်ကို လိုက်မီနိုင်မယ်ဆိုရင် အဲ့တာက ကျွန်တော်တို့ကို စိတ်ခွန်အားပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အမြဲပြောသလို အင်တာမီလန်က အကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းနေတာပါ။ သူတို့က ချီးကျူးမှုနဲ့ ထိုက်တန်ပါတယ်။ ကွန်တီနဲ့အတူ လွန်ခဲ့တဲ့နှစ်တွေကတည်းက သူတို့ပရောဂျက် စတင်ခဲ့ပါတယ်။ ဒါကြောင့် အဲ့တာက သာမန်ပါပဲ။ သူတို့က ရေပန်းအစားဆုံးပါ။ ဂျူဗင်တပ်စ်က ၂ နှစ်လောက်ကမှ မတူညီတာ စတင်တာပါ။ ကျွန်တော်တို့ ပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်ပြန်လာနိုင်ဖို့ပါ။ အင်ဇာဂီက ထူးချွန်တဲ့အလုပ်ကို လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ကျွန်တော်ဒီလိုအရာတွေပြောလို့ မရူးသွပ်သေးပါဘူး။ မတူညီတဲ့အဆင့်တွေ ရှိနေပါတယ်။ ကျွန်တော် ဂျူဗင်တပ်စ်မှာ ရှိနေတဲ့ ပထမဆုံး ၅ နှစ်မှာ ကျွန်တော်တို့ အသင်းကောင်းတစ်သင်း ရှိခဲ့ပါတယ်။ အဲ့တာက အနိုင်ရဖို့ သာမန်ပါပဲ။ အခုလက်ရှိမှာတော့ အင်တာမီလန်က ရေပန်းအစားဆုံး အသင်းပါ။ ကျွန်တော်တို့ အလုပ်အများကြီးကြိုးစားဖို့ လိုအပ်ပါတယ်”လို့ အယ်လီဂရီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #အူဒီးနီးစ် #အယ်လီဂရီ