ရှေ့သို့
Image

ယူနိုက်တက်ဂိုးသမားဟောင်း ဒီဂီယာနှင့် ချိတ်ဆက်နေမှုအပေါ် တုံ့ပြန်လိုက်တဲ့ အက်ဒီဟိုဝီ

11:03 AM, 7 December

ယူနိုက်တက်ဂိုးသမားဟောင်း ဒီဂီယာကိုခေါ်ယူဖို့အတွက် နယူးကာဆယ်အနေနဲ့ ချဉ်းကပ်ခဲ့ခြင်းမရှိပါဘူးလို့ အက်ဒီဟိုဝီက‌ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က စိန့်ဂျိမ်းပါ့ခ်မှာ ယူနိုက်တက်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲတွင် ပုခုံးဒဏ်ရာရရှိခဲ့ပြီးနောက် နစ်ခ်ပုပ်က ၄ လ ခန့် အနားယူရတော့မှာဖြစ်ပါတယ်။

စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြိးနောက် နွေရာသီမှာယူနိုက်တက်ကနေ ထွက်ခွာခဲ့တဲ့ ဒီဂီယာက Free Agent ဖြစ်နေတုန်းဖြစ်ပါတယ်။ ဒါကြောင့် စပိန်နိုင်ငံသားဟာ ဇန်နဝါရီတွင် ပရီးမီးယားလိဂ်သို့ ပြန်လာနိုင်သော်လည်း နယူးကာဆယ်အနေနဲ့ အပြောင်းအရွှေ့အတွက် မလုပ်ရသေးပါဘူးလို့ အက်ဒီဟိုဝီက ပြောကြားလိုက်ပါတယ်။

"ဂိုးသမားတွေ၊ အခြားကစားသမားတွေနဲ့ပတ်သက်ပြီး မီဒီယာမှာ ဖော်ပြနေကြတာကို ကျွန်တော် တွေ့ဖူးပါတယ်" "ကျွန်တော်တို့က မည်သည့်စုံစမ်းမှုကိုမှ လုပ်ထားတာမရှိပါဘူး။ အခု ကစားသမားခေါ်ယူရမယ်ဆိုရင် ကွင်းအတွင်းက နေရာစုံကို ခေါ်ရမှာပါ" "သူတို့ရဲ့နေရာအတွက် ဒါဟာ အခြားဂိုးသမားတွေအတွက် အခွင့်အရေးပါပဲ" လို့ အက်ဒီဟိုဝီက ပြောပါတယ်။

နစ်ခ်ပုပ်ရဲ့ အခြေအနေကို မေးမြန်းရာတွင် "သူက အထူးကုနှစ်ဦးလောက်နဲ့ ပြသမှာပါ။ ဘာဖြစ်မလဲဆိုတဲ့ နောက်ဆုံးအဖြေအတွက် ကျွန်တော်စောင့်နေတာပါ" "သူက ခွဲစိတ်မှုလည်း ခံယူရနိုင်ပါတယ်။ အဲ့လိုဆိုရင် ၄ လ လောက်ကြာသွားမှာပါ။ အဆိုးရွားဆုံးဖြစ်မှာကို ကျွန်တော်တို့ ကြောက်မိပါတယ်။ အသင်းမှာရှိကတည်းက သူက အကောင်းဆုံးပုံစံမှာရှိနေခဲ့တာပါ" "သူက ယူရိုမှာပါဝင်ကစားဖို့အခွင့်အရေးရှိနေတုန်းဖြစ်ပါတယ်။ သူ့အဖို့အဓိက ဆုံးဖြတ်ချက်ကတော့ ကျွန်တော်တို့နဲ့အတူ အမြန်ဆုံးပြန်ကစားလာနိုင်ဖို့ပါပဲ"လို့ နည်းပြက ဖြေပါတယ်။

အက်ဒီဟိုဝီကတော့ နစ်ခ်ပုပ်ရဲ့ အရန်ဖြစ်တဲ့ မာတင်ဒူဘရာကာကို ထည့်သွင်းသွားဖို့ရှိနေပါတယ်။ "မာတင်ကို ကျွန်တော်တို့ တကယ်ယုံကြည်ပါတယ်။ သူက အဆင့်တန်းမြင့် ဂိုးသမားတစ်ဦးဖြစ်ပြီး ဘောလုံးဖြန့်ဝေမှုမှာလည်း ကောင်းမွန်သူဖြစ်ပါတယ်" လို့ နည်းပြက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ဟိုဝီ #ပရီးမီးယားလိဂ်