ရှေ့သို့
Image

ယူနိုက်တက်ပစ်မှတ်ကို ပေါင် ၈၅ သန်းနဲ့ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး

9:52 AM, 11 February

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ယူနိုက်တက်ပစ်မှတ် ဘာစီလိုနာစတား ဒီဂျောင်ကို ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။နယ်သာလန်သားဟာ ၂၀၂၂ တုန်းက ယူနိုက်တက်ကိုပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ဘာစီလိုနာမှာ ဆက်နေဖု့ိ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်း အခုချိန်မှာ ကွင်းတွင်း ကွင်းပြင်ပြဿနာတွေကြောင့် အသက် ၂၆ နှစ်သားဟာ အသင်းပြောင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တန်ဟက်ကလည်း ခေါ်ယူချင်နေတာကြောင့် လာမယ့်နွေရာသီမှာ ယူနိုက်တက်ကိုပြောင်းဖို့ အလားအလာပိုများနေပါတယ်။ဒါပေမယ့် စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးအသင်းဟာ ဒီဂျောင်အကြိုက်ကျောနံပတ်ဖြစ်တဲ့ ၆ ကိုပေးအပ်ပြီး ပေါင် ၈၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ဒီဂျောင် နဲ့ ဘာစီလိုနာတို့ကြားစာချုပ်သက်တမ်းက ၂ နှစ်သာကျန်တော့တာဖြစ်ပြီး ပီအက်စ်ဂျီကလည်း စိတ်ဝင်စားနေပါတယ်။

လက်ရှိမှာ ဒီဂျောင်ဟာ ဘာစီလိုနာအသင်းရဲ့ထိပ်တန်းလုပ်ခလစာအများဆုံးတွေထဲကတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတွေတုန်းက လုပ်ခလစာကို အရစ်ကျနဲ့ရရှိနေတာဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ပေါင်သန်း ၂၈၀ လောက်အထိ အသုံးပြုထားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီတုန်းက ဘင်ဖီကာထံကနေ အန်ဇိုကို ပေါင် ၁၀၇ သန်းနဲ့ ခေါ်ယူခဲ့သလို နွေရာသီတုန်းကလည်း ကိုင်စီဒိုကို ပေါင် ၁၁၄ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ဒါ့အပြင် ဆောက်သမ်တန်အသင်းထံကနေ လီဗီယာကို ပေါင် ၅၈ သန်းနဲ့ ခေါ်ယူခဲ့ကာ အဆိုပါဘယ်လ်ဂျီယံသားဟာ ဒီရာသီ ၃၂ မိနစ်သာ ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။ဒီဂျောင်အနေနဲ့ နွေရာသီမှာ ယူနိုက်တက်ကိုပြောင်းဖြစ်ခဲ့ရင် အေဂျက်နည်းပြဟောင်း တန်ဟက်နဲ့ တွေ့ဆုံနိုင်မှာဖြစ်ပါတယ်။သူတို့ ၂ ဦးဟာ ၂၀၁၇ ကနေ ၂၀၁၉ အထိ အေဂျက်ဇ်မှာ အလုပ်အတူတူလုပ်ခဲ့တာဖြစ်ပြီး ၂၀၁၉ တုန်းက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ တက်ရောက်ထားနိုင်ခဲ့ပါတယ်။ယူနိုက်တက်ဟာ ဒီဂျောင်ကို ၂၀၂၂ တုန်းက အားထုတ်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။

ဒီဂျောင်ဟာ မကြာသေးခင်တုန်းက တန်ဟက်ရဲ့အသင်းထံပြောင်းရွှေ့ချင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ဒီဂျောင်ကို အဆင်မပြေခဲ့တာကြောင့် ယူနိုက်တက်ဟာ ကက်စ်မဲရိုးကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဘရာဇီးသားဟာ ယူနိုက်တက်အသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးခဲ့ရပါတယ်။မေးလ်စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ သူအပါအဝင် ကစားသမားတော်တော်များများကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။


#ဘာစီလိုနာ #ချဲလ်ဆီး #ဒီဂျောင် #ပရီးမီးယားလိဂ်