ရှေ့သို့
Image

အင်တာမီလန်ဆီ ပြောင်းရွှေ့နိုင်ဖို့ ယူနိုက်တက်ကို ငြင်းဆန်ခဲ့တဲ့ ဘိုင်ယန်နောက်ခံလူ ပါဗက်

4:37 PM, 21 August

ဘိုင်ယန်မြူးနစ်နောက်ခံလူ ပါဗက်က မန်ချက်စတာယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး အင်တာမီလန်ဆီ ပြောင်းရွှေ့နိုင်ဖို့ သဘောတူညီချက်ပေးခဲ့တယ်လို့ La Gazzetta dello Sport သတင်းဌာနမှ ဖော်ပြလိုက်ပါတယ်။

အင်တာမီလန်အသင်းဘက်ကတော့ ကစားသမားကို ခေါ်ယူနိုင်ဖို့ ဘိုင်ယန်မြူးနစ်ဆီ တိုးမြှင့်ကမ်းလှမ်းထားသလို အီတလီအခြေစိုက်သတင်းရင်းမြစ်တွေကလည်း မီလန်အခြေစိုက်ကလပ်ဟာ မကြာမီမှာပဲ ပြင်သစ်နောက်ခံလူကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း ဖော်ပြလာပါတယ်။ La Gazzetta dello Sport ရဲ့အဆိုအရ ဘိုင်ယန်မြူးနစ်အတွက် ၂၀၀၈ ကမ္ဘာ့ဖလားဆုရှင်နေရာမှာ အစားထိုးဖို့ ကစားသမားသစ်တစ်ဦး လိုအပ်နေဆဲဖြစ်ပေမယ့် ကလပ်အသင်းနှစ်ခုအကြား ဒီနေ့မှာပဲ သဘောတူညီမှုရရှိနိုင်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်မှာ ဂျာမန်ဘီလူကြီးနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ပါဗက်က အသင်းမှထွက်ခွာလိုနေပြီး ဒီတစ်ကြိမ်ဟာ ဘိုင်ယန်မြူးနစ်အတွက် သင့်လျော်တဲ့ပြောင်းရွှေ့ကြေးပမာဏတစ်ရပ် ရရှိနိုင်မယ့် နောက်ဆုံးအခွင့်အရေး ဖြစ်လာပါလိမ့်မယ်။ Gazzetta ရဲ့အဆိုအရ ပါဗက်က အင်တာမီလန်ဆီသာ ပြောင်းရွှေ့ဖို့ဆန္ဒရှိနေပြီး မန်ချက်စတာယူနိုက်တက်ရဲ့ကမ်းလှမ်းမှုတစ်ခုကိုလည်း ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အင်တာမီလန်အကြီးအကဲမာရော့တာက အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ အင်တာမီလန်ဆီ ပြောင်းရွှေ့ချင်နေတယ်လို့ ပြီးခဲ့တဲ့စနေနေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။ တဖက်မှာလည်း အခုအပြောင်းအရွှေ့အတွက် တစ်ခုတည်းသော လိုအပ်နေတဲ့အရာက ပြင်သစ်နောက်ခံလူနေရာမှာ အစာထိုးဖို့ ဘိုင်ယန်မြူးနစ်က ကစားသမားသစ်ရှာဖွေနိုင်မှုရှိ၊မရှိဆိုတဲ့အချက်ဖြစ်တယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူက ရှင်းပြခဲ့ဖူးပါတယ်။

#အင်တာမီလန် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ပါဗက်