ရှေ့သို့
Image

ဘာစီလိုနာစတားဒီဂျောင်ကို ခေါ်ယူဖို့ ပြန်လည်စဉ်းစားလာတဲ့ ယူနိုက်တက်

10:20 AM, 10 February

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ကာလရှည်ပစ်မှတ်ဘာစီလိုနာစတား ဒီဂျောင်ကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားလာတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်သားဟာ ၂၀၂၂ တုန်းက တန်ဟက်ရဲ့အသည်းအသန်ချိတ်ဆက်ခြင်းခံခဲ့ရသေးတာဖြစ်ပါတယ်။

ဒါပေမယ့် ဘာစီလိုနာဘက်က ပေါင် ၇၁.၅ သန်းနဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့် ဒီဂျောင်က ပရီးမီးယားလိဂ်မြေကိုလာဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာတော့  သတင်းတွေအရ ဒီဂျောင်ဟာ လာယ့်နွေရာသီမှာ ယူနိုက်တက်ကိုပြောင်းဖို့ လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်းထောက် လူးဝစ်ကတော့ ဘာစီလိုနာဟာ ဒီဂျောင်ရောက်လာပြီးကတည်းက ဆုဖလားပြတ်လပ်မှုတွေဖြစ်နေတယ်လို့ အခိုင်အမာပြောကြားခဲ့ပြီး လာလီဂါဖလား ၁ ကြိမ် ၊ ကိုပါဒယ်ရေး ၁ ကြိမ် ၊ စပိန်စူပါဖလား ၁ ကြိမ်သာရယူထားနိုင်ခဲ့ပါတယ်။

ကာနက်တ်က “ဒီဂျောင်ဘက်က မီးစိမ်းတော့မပြသေးပါဘူး။ ဒါပေမယ့် သူ့ဘက်ကနေလည်း တံခါးတော့မပိတ်သေးပါဘူး။ သူ ဘာစီလိုနာမှာ ၂ ရာသီဖြတ်သန်းခဲ့ပြီးပါပြီ။ 

ယူနိုက်တက်က ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် သူက စပိန်မြေမှာပဲဆက်နေခဲ့တာပါ။ အခုချိန်မှာတော့ သူ့ဘက်က ဘာစီလိုနာနဲ့အခြေအနေကို အနည်းငယ်စိတ်ပျက်လာခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ သူမျှော်လင့်ထားတဲ့အနေအထားမျိုးမဟုတ်သလို ဆုဖလားအောင်မြင်မှုတွေလည်း မရတော့တာကြာပါပြီ။ ရာသီအကုန်မှာ ဘာစီလိုနာကနေ ဒီဂျောင်ထွက်ခွာနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒီဂျောင်ဟာ အေဂျက်မှာတုန်းက တန်ဟက်လက်အောက်မှာ ၂ ရာသီဖြတ်သန်းခဲ့တာဖြစ်ပြီး နယ်သာလန်လိဂ်ဖလားတွေအပြင် ယူရိုပါလိဂ်ဖိုင်နယ် နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။

နယ်သာလန်သားဟာ ၂၀၁၉ တုန်းက ဘာစီလိုနာကိုပြောင်းလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၂၀၅ ပွဲမှာ ၁၆ ဂိုးသွင်း ၊ ၂၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း ဒီဂျောင်ဟာ ဇာဗီရဲ့အသင်းမှာ အဓိကကစားသမားအဖြစ် စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပွဲအားလုံးနီးပါးကို ပွဲထွက်ပါဝင်ကစားခွင့်ရရှိထားပါတယ်။

ဘာစီလိုနာဟာ လက်ရှိလာလီဂါအမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာက ရီးရဲလ်အသင်းရဲ့နောက် ၈ မှတ်ကွာဟနေပြီး ကိုပါဒယ်ရေးဖလားကနေတော့ ထွက်ခွာထားခဲ့ရပါတယ်။

ချန်ပီယံလိဂ်မှာတော့ ၁၆ သင်းအဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီး ဇာဗီက ရာသီအကုန်မှာ ထွက်ခွာမယ်လို့ အတည်ပြုထားခဲ့ပါတယ်။

ဒီဂျောင်ရဲ့အနာဂတ်ကလည်း  ဘာစီလိုနာမှာ မသေမချာဖြစ်နေပြီး အင်တာဗျူးတစ်ခုမှာ “အဲတာက ကျွန်တော့်အတွက် ရှင်းလင်းပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက အရာအချို့ဖြစ်ခဲ့ပါတယ်။

ကျွန်တော် ဘာစီလိုနာမှာအမြဲတမ်းနေချင်တယ်ဆိုတာ သိမှာပါ။ ဒါကြောင့် ကျွန်တော် ပြီးခဲ့တဲ့နွေရာသီတုန်းက ဗျာအရမ်းမများခဲ့ရပါဘူး။ ကျွန်တော် ၂၀၂၀ တုန်းက စာချုပ်သက်တမ်းတိုးထားခဲ့တာပါ။ 

ဒါကြောင့် ကျွန်တော့်ထိန်းချုပ်မှု နဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော် ဘာစီလိုနာနေရတာ အဆင်ပြေပါတယ်။ လာမယ့်ရာသီလည်း အသင်းမှာဆက်ရှိနေနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘာစီလိုနာ #ဒီဂျောင်