ရှေ့သို့
Image

သူ့ထက်ပိုကောင်းတဲ့ ကစားသမားက မက်ဆီတစ်ယောက်တည်းပဲရှိတယ်လို့ ပြောကြားလိုက်တဲ့ ဟာဇက်

3:31 PM, 4 February

လီယွန်နယ်မက်ဆီဟာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးလို့ ဝန်မခံခင်မှာ သူဟာ ခရစ်စတီယာနို ရော်နယ်ဒိုထက် ပိုကောင်းတယ်လို့ ဟာဇက်က ပြောကြားလိုက်ပါတယ်။ဘယ်လ်ဂျီယံသားဟာ ၂၀၁၉ ခုနှစ် ဇွန်လတွင် ချဲလ်ဆီးမှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကြေးကြီးကြီးမားမားဖြင့် ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းဥက္ကဌ ပီရက်ဇ်က ကျောနံပါတ် ၇ အင်္ကျီကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဟာဇက်ကို ရော်နယ်ဒိုရဲ့ဆက်ခံသူအဖြစ် ကလပ်အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသွင်းသူအဖြစ် မြင်ခဲ့ကြတာပါ။ သို့သော်လည်း စပိန်မြို့တော်တွင် ဒဏ်ရာတွေရရှိခဲ့တဲ့ကာလအတွင်း သွင်းဂိုး ၇ ဂိုးနှင့် ဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။L'Equipe နှင့် အင်တာဗျူးတွင် ဟာဇက်က မက်ဆီနှင့် ရော်နယ်ဒိုတို့ကြား စကားစစ်ထိုးပွဲအပေါ် လေးလေးနက်နက် ပြောကြားခဲ့ပါတယ်။ "တစ်ဦးချင်းအနေနဲ့ မက်ဆီက ပိုကောင်းတဲ့ ကစားသမားဖြစ်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘာစီလိုနာကစားသမားကို အဆုံးစွန်ထိ ကြည့်ရတာကို နှစ်သက်ပါတယ်။ သူက သမိုင်းတစ်လျှောက်မှာ အကြီးကျယ်ဆုံးပါပဲ"

"သူ့ဆီကနေ ဘောလုံးလုယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခရစ္စတီယာနိုက ကျွန်တော့်ထက် ပိုကောင်းတဲ့ ကစားသမားတစ်ယောက်ပါ ဒါပေမယ့် ရိုးရိုးသားသားပြောရရင်တော့ ကျွန်တော် အဲ့ဒီလိုမထင်မိပါဘူး။ နေမာဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီနောက်သူက ကျွန်တော့်ထက်ပိုမကောင်းပါဘူး၊ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်မှာဆိုရင် အကောင်းဆုံးဖြစ်ပြီး ဘန်ဇီးမား၊ မိုဒရစ်တို့က အကောင်းဆုံးဖြစ်ခဲ့ကြသလို တိုနီခရူးစ်နဲ့ ဒီဘရိုင်းတို့ကလည်း ကောင်းမွန်ကြပါတယ်" လို့ ပြောပါတယ်။

မက်ဆီနှင့် ရော်နယ်ဒိုတို့ နှစ်ဦးစလုံးဟာ အင်တာမီယာမီနှင့် အယ်လ်နာဆာတို့မှာ ခြေစွမ်းပြသနေချိန်တွင် ဟာဇက်တော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ အသက် ၃၂ နှစ် အရွယ်တွင် ဘောလုံးလောကမှ အနားယူကြောင်း ကြေညာခဲ့ပါတယ်။တောင်ပံကစားသမားဟာ မက်ဒရစ်မှာရှိနေချိန်မှာ သူ့ကိုယ်သူ ဂရုမစိုက်ဘဲ အဝလွန်နေတယ်လို့ မကြာခဏ စွပ်စွဲခံခဲ့ရပါတယ်။ ဒါ့အပြင် ခြေကျင်းဝတ် ဒဏ်ရာကြောင့် ကွင်းထဲရှိ သူ့ရဲ့စွမ်းရည်တွေ လျော့ပါးသွားတာကို မြင်တွေ့ခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းတွင် သွင်းဂိုးပေါင်း ၄၅၀ ဖြင့် ဂိုးအများဆုံးသွင်းထားသူဖြစ်ပါတယ်။ ယေဘူယျအားဖြင့် ရော်နယ်ဒိုဟာ စပိန်တွင်ရှိနေချိန်အတွင်း ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နှင့် လာလီဂါဖလား ၂ကြိမ်အပါအဝင် ဆုဖလား ၁၅ လုံးရရှိခဲ့တာဖြစ်ပါတယ်။


#ဟာဇက် #ရော်နယ်ဒို #မက်ဆီ