ရှေ့သို့
Image

ချဲလ်ဆီးနံပါတ်၁ ဂျာစီကို လိုချင်ကြောင်း ကီပါကို သတိပေးလိုက်တဲ့ရောဘတ်ဆန်းချက်ဇ်

11:55 AM, 6 August

စပိန်ဂိုးသမား ဆန်းချက်ဇ်ကို ဘရိုက်တန်မှ ပေါင် ၂၅ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် စနေနေ့မှာ အသင်းရဲ့နောက်ဆုံးခေါ်ယူမှုအဖြစ် ချဲလ်ဆီးက မိတ်ဆက်ခဲ့ပါတယ်။


ပြီးခဲ့သည့်ရာသီက ပွဲထွက်ခွင်အား ဂျေဆန်စတီးလ်ထံ မဆုံးရှုံးမီ ဘရိုက်တန်အတွက် ပရီးမီးယားလိဂ် ၂၃ ပွဲကစားပေးခဲ့တဲ့ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဆန်းချက်ဇ်ဟာ အနောက်လန်ဒန်မှာ ၇ နှစ် သက်တမ်းရှိစာချုပ်ချုပ်ဆိုခဲ့ပါတယ်။


ချယ်လ်ဆီးဟာ မန်ဒီကို ဆော်ဒီအာရေးဗျကလပ် အယ်လ်ဟီလီသို့ ရောင်းချပြီးနောက် လက်ရှိ နံပါတ် ၁ ဂိုးသမား ကီပါအတွက် ပြိုင်ဆိုင်မှုရရှိစေရန်အတွက် ပိုချက်တီနိုဟာ ဂိုးသမားသစ် ခေါ်ယူရန် စိတ်အားထက်သန်နေခဲ့ပါတယ်။


ဆန်းချက်ဇ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်ရဲ့ အရန်ခုံမှာ ထိုင်ဖို့အစီအစဉ်မရှိကာ ချဲလ်ဆီးသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ ပထမဦးစားပေးဂိုးသမား ဖြစ်လာချင်နေပါတယ်။


"ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားနေပါတယ်။ ဒီလိုအဆင့်အတန်းရှိတဲ့ နည်းပြတစ်ယောက်နဲ့ တွဲလုပ်ရတာ အံ့ဩစရာကောင်းတဲ့ အခွင့်အရေးတစ်ခုပါ"


"သူ့အရင်ကလပ်တွေမှာ လုပ်ခဲ့တာတွေကို ကျွန်တော်တို့အားလုံး မြင်တွေးပြီးဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုတွေက တကယ်ကိုကောင်းတယ်လို့ ထင်ပါတယ်။ သူ့ရဲ့ကစားဟန်နဲ့လည်း ကိုက်ညီမယ်လို့ ကျွန်တော်ထင်ပါတယ်"


"ကျွန်တော်က အသင်းကို ဆုဖလားတွေရရှိအောင် ကူညီပေးချင်ပါတယ်။ စိန်ခေါ်မှုကြီးတစ်ခုဖြစ်လာမယ်ဆိုတာ ကျွန်တော်သိပေမယ့် အဲဒါအတွက် အဆင်သင့်ဖြစ်နေပါပြီ"


"ဒီကလပ်က ကျွန်တော့်ကို ပေးမယ့်အခွင့်အရေးတွေက အံ့ဩစရာပါပဲ၊ ဂိုးသမားတစ်ယောက်အနေနဲ့ ပိုတိုးတက်ဖို့၊ သင်ယူမှုတွေနဲ့ နံပါတ် ၁ နေရာအတွက် ယှဉ်ပြိုင်ဖို့နဲ့ ကျွန်တော်က ဘယ်လောက်ကောင်းလဲဆိုတာ လူတိုင်းကို ပြသဖို့ပါပဲ" လို့ ချယ်လ်ဆီးရဲ့ တရားဝင်ဝဘ်ဆိုဒ်သို့ ဆန်းချက်ဇ်က ပြောပါတယ်။


ချဲလ်ဆီးမှာ ဆန်းချက်ဇ်အတွက် ရင်းနှီးတဲ့ကစားသမားအနည်းငယ်ရှိနေပြီး ဘရိုက်တန်တွင် ကိုတဲလ်၊ ကူကူရယ်လာတို့နှင့်အတူ တွဲကစားခဲ့ဖူးတာဖြစ်ပါတယ်။


ကိုဝဲလ်ဟာ ပြီးခဲ့သည့်ရာသီက ဘရိုက်တန်မှာ အငှားဖြင့်သွားရောက် ကစားကာ ခြေစွမ်းပြခဲ့ပြီးနောက် ယခုရာသီ ချယ်လ်ဆီးရဲ့ အဓိကအခန်းကဏ္ဍမှာ ပါဝင်လာဖွယ်ရှိကာ ဘရိုက်တန်ကြယ်ပွင့်ဟောင်း ကူကူရယ်လာကလည်း ပြီးခဲ့တဲ့နှစ်က အနောက်လန်ဒန်သို့ ပေါင်သန်း ၆၀ ဖြင့် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။


"ပြီးခဲ့တဲ့ရာသီက လီဗီနဲ့ အတူ အချိန်တွေကုန်ဆုံးခဲ့ပြီး အခုချိန်မှာတော့ တကယ်ကို ခင်မင်ရင်းနှီးမှု ရခဲ့ပါတယ်။ ဘရိုက်တန်မှာ ကစားပုံက သူ့အတွက် တကယ်ကောင်းပြီး ချဲလ်ဆီးမှာ သူရင်ဆိုင်ရမယ့်အရာအတွက် အဆင်သင့်ဖြစ်နေပါပြီလို့ ထင်ပါတယ်"


"သူဟာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီး အသက် ၁၉ နှစ်ပဲရှိသေးတာမို့ ကောင်းကင်ကြီးကသာ သူ့အတွက် ကန့်သတ်ချက်တစ်ခုပါ" လို့ ဆန်းချက်ဇ်က ပြောကြားခဲ့ပါတယ်။


ဆန်းချက်ဇ်ဟာ စပိန်လက်ရွေးစင်အသင်းအတွက် ၂ ပွဲကစားပေးထားပြီး အသက် ၁၅ နှစ် အရွယ်၂၀၁၃ ခုနှစ်တွင် ဘရိုက်တန်သို့ ပြောင်းရွှေ့လာပြီးနောက် ကလပ်အတွက် ပွဲပေါင်း ၉၀ ကစားပေးခဲ့ပါတယ်။


ဆန်းချက်ဇ်ရဲ့ အသင်းကနေ ထွက်ခွာတော့မယ့်အကြောင်း ဆွေးနွေးရာမှာ ဘရိုက်တန်နည်းပြ ရောဘတ်တို ဒီဇာဘီက "ရောဘတ်က လူကောင်းတစ်ယောက်ဖြစ်ပြီး တကယ်ကောင်းတဲ့ကစားသမားပါ၊ ဒါပေမယ့် နည်းပြတစ်ယောက်ဖြစ်ခြင်းဟာ တစ်ခါတစ်ရံမှာ အသင်းအတွက် ခက်ခဲပြီး နာကျင်စရာကောင်းတဲ့ ဆုံးဖြတ်ချက်တွေချဖို့ ဆိုလိုပါတယ်"


"သူ့အနာဂတ်အတွက် ကံကောင်းပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်" လို့ ပြောပါတယ်။

#ချဲလ်ဆီး #ဆန်းချက်ဇ် #ပရီးမီးယားလိဂ်