ရှေ့သို့
Image

ကင်မရွန်းအသင်း ၁၆သင်းအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် ယူနိုက်တက်ထံပြန်လာတော့မယ့် အိုနာနာ

10:06 AM, 28 January

ကင်မရွန်းအသင်းဟာ မနေ့ညက နိုင်ဂျီရီးယားနဲ့ အာဖရိကဖလား၁၆သင်းအဆင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

အိုနာနာ အရန်ခုံထိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ နိုင်ဂျီရီးယားက လွတ်ခ်မန်းရဲ့ဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။

နိုင်ဂျီရီးယားအသင်းဟာ ပွဲစကတည်းက ခြေစွမ်းအသာစီးနဲ့ကစားနိုင်ခဲ့ပြီး ၉မိနစ်မှာတင် အဂျာယီရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် VARက ပြန်လည်ပယ်ဖျက်သွားခဲ့ပါတယ်။


၃၆မိနစ်မှာတော့ အိုဆီမန်ရဲ့ပေးပို့မှုကနေ လွတ်ခ်မန်းက နိုင်ဂျီရီးယားအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ တန်ပြန်တိုက်စစ်ကနေ လွတ်ခ်မန်းကပဲ လွတ်လွတ်ကျွတ်ကျွတ်ဆွဲပြေးကာ နိုင်ဂျီရီးယားအတွက် အနိုင်သေချာစေမယ့်သွင်းဂိုး သွင်းယူပေးခဲ့ပါတယ်။


နိုင်ဂျီရီးယားအသင်းဟာ ယခုနိုင်ပွဲကြောင့် ဖေဖော်ဝါရီ၂ရက်နေ့မှာ အန်ဂိုလာနဲ့ ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အိုနာနာကတော့ ကင်မရွန်းအသင်း ထွက်ခွာရမှုနဲ့အတူ ယူနိုက်တက်ထံပြန်လာရတော့မှာဖြစ်ပြီး လာမယ့်ကြားရက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

#အိုနာနာ #နိုင်ဂျီးရီးယား #ကင်မရွန်း