ရှေ့သို့
Image

မာရှယ်နဲ့ တန်ဟက်တို့အကြား အကွဲအပြဲမရှိပါဘူးလို့ ရှင်းချက်ထုတ်လိုက်တဲ့ ကစားသမားရဲ့အေးဂျင့်

2:21 PM, 19 January

မန်ချက်စတာယူနိုက်တက်အပယ်ခံ မာရှယ်ရဲ့အေးဂျင့်ဖြစ်သူကတော့ သူ့ရဲ့ဝယ်လက်ကို ကာကွယ်ပေးဖို့ လူမြင်ကွင်းရှေ့ထွက်ရှိလာခဲ့ပါပြီ။

ပြင်သစ်သားဟာ ကြံ့ခိုင်မှုပိုင်း ပိုပြီးတိုးတက်လာဖို့ ယူနိုက်တက်မှာ တစ်ဦးတည်း လေ့ကျင့်နေရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ မာရှယ်က ဒီဇင်ဘာလအစောပိုင်း အဖျားဝေဒနာခံစားရပြီးကတည်းက သင့်တော်မှန်ကန်တဲ့ပုံစံမျိုးဆီ မရောက်ရှိလာခဲ့ပါဘူး။

Sky Sports News နဲ့တွေ့ဆုံချိန် မာရှယ်ရဲ့အေးဂျင့်ဖြစ်သူ လမ်ဘိုလေက “မာရှယ်ရဲ့အကြောင်း ပြောနေကြတဲ့အရာတွေ အကုန်လုံးက လုံးဝကို မှားယွင်းနေပါတယ်။ သူက နည်းပြနဲ့ ဘာပြဿနာမှမရှိသလို အသင်းမှ ဖယ်ထုတ်ခံထားရတာလည်း မဟုတ်ပါဘူး။ မာရှယ်က မန်ချက်စတာယူနိုက်တက်မှာ ရောက်ရှိနေတာ ကိုးနှစ်ကြာခဲ့ပါပြီ။ သူသာ တကယ်ကောင်းတဲ့ ပရော်ဖက်ရှင်နယ်ကစားသမား မဟုတ်ဘူးဆိုရင် ဒီလောက်အကြာကြီး ဒီနေရာမှာ ရှိနေနိုင်မှာ မဟုတ်ပါဘူး။ သူက ကြွက်သားနဲ့ဆိုင်တဲ့ အသေးစားခွဲစိတ်မှုတစ်ခုကို အလွယ်တကူလုပ်ဆောင်ရမှာဖြစ်လို့ ကာလတစ်ခုတော့ အနားယူထားသင့်ပါတယ်။ ဒီအသေးစားဒဏ်ရာက သူ့ကို ရာနှုန်းပြည့်ကြံ့ခိုင်မှု မရရှိစေဘူး။ ဒါကြောင့် အခုအချိန်မှာ အသေးစားခွဲစိတ်ကုသမှုကို သူလုပ်သွားပါလိမ့်မယ်”လို့ ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာရှယ် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်