ရှေ့သို့
Image

အင်္ဂလန် နဲ့ ဘရာဇီးပွဲတို့ရဲ့ခြေစမ်းပွဲကို ကြည့်ချင်ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ကင်ဆာဝေဒနာရှင် အဲရစ်ဆင်

11:39 AM, 14 January

ကင်ဆာဝေဒနာရှင် အဲရစ်ဆင်က သူ့အနေနဲ့ မတ်လမှာကန်မယ့် အင်္ဂလန် နဲ့ ဘရာဇီးတို့ရဲ့ခြေစမ်းပွဲကို ကြည့်ချင်ကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။

အဲရစ်ဆင်ဟာ ကြာသပတေးနေ့တုန်းက သူ့အနေနဲ့ ကင်ဆာဝေဒနာခံစားနေရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး လပိုင်းလောက်သာနေရတော့မယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့်လည်း အင်္ဂလန်နည်းပြဟောင်းက သူ့အနေနဲ့ တတ်နိုင်သလောက်တိုက်ပွဲဝင်မယ်လို့ စကိုင်းဂျာမနီနဲ့အင်တာဗျူးမှာ ဖြေကြားခဲ့သလို အင်္ဂလန် နဲ့ ဘရာဇီးပွဲကိုကြည့်ချင်တဲ့အိပ်မက်ကိုပါ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် မတ်လမှာကန်မယ့် အင်္ဂလန် နဲ့ ဘရာဇီးတို့ရဲ့ခြေစမ်းပွဲကို ကြည့်ချင်တဲ့အိပ်မက်ရှိပါတယ်။ အဲ့ပွဲက ပွဲကောင်းဖြစ်လာနိုင်ပြီး ကမ္ဘာ့ဖလားပွဲနဲ့ဆင်တူနိုင်ပါတယ်။


၂၀၂၆ ကမ္ဘာ့ဖလားဖိုင်နယ်လိုဖြစ်လာနိုင်ပါတယ်။ အဲ့တာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပါတယ်”လို့ အဲရစ်ဆင်က ပြောကြားခဲ့ပါတယ်။

အဲရစ်ဆင် နည်းပြဘ၀ သူကိုင်တွယ်ချင်တဲ့အသင်းက လီဗာပူးအသင်းဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော် လီဗာပူးနည်းပြအမြဲတမ်းဖြစ်ချင်ခဲ့တာပါ။အဲ့တာက ဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် လီဗာပူးပရိသတ်ဖြစ်နေဦးမှာပါ”လို့ အဲရစ်ဆင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။


အဲရစ်ဆင်ဟာ ဂိုသန်ဘာ့ဂျ် ၊ ဘင်ဖီကာ ၊ ရိုးမား ၊ ဖီအိုရင်တီးနား ၊ ဆမ်ဒိုးရီးယား ၊ လာဇီယို ၊ မန်စီးတီး ၊ လက်စတာတို့ကိုကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူ့အတွက် အမှတ်အရဆုံးက အင်္ဂလန်အသင်းမှာဖြစ်ပြီး ၂၀၀၁ ကနေ ၂၀၀၆ အထိ အင်္ဂလန်အသင်းရဲ့ရွှေရောင်မျိုးဆက်ကိုကိုင်တွယ်ခွင့်ရခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆင်ရဲ့အိပ်မက်တွေက နီးစပ်လာနေတာဖြစ်ပြီး ဆောက်ဂိတ်ကလည်း လာမယ့်ဇွန်လမှာကန်မယ့် ယူရိုပြိုင်ပွဲအတွက် အသင်းကိုအသင့်ဖြစ်အောင် ပြင်ဆင်နေပါတယ်။

#အဲရစ်ဆင် #ပရီးမီးယားလိဂ်