ရှေ့သို့
Image

ယူနိုက်တက်ကနေ ထွက်ခွာဖို့ ငြင်းဆန်နေတဲ့ တိုက်စစ်မှူး မာရှယ်

1:50 PM, 11 January

ဥရောပနဲ့ ဆော်ဒီအာရေဗျကလပ်တွေက စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်စတား မာရှယ်တစ်ယောက် အခုလထဲမှာအသင်းကနေ ထွက်ခွာဖို့ ငြင်းဆန်နေတယ်လို့ သိရပါတယ်။

အက်သလက်တစ်ရဲ့အဆိုအရ မာရှယ်ကို မာဆေးလ် ၊ ဖီနာဘာချီ နဲ့ ဆော်ဒီကလပ်တွေက ချိတ်ဆက်ခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အသက် ၂၈ နှစ်သားရဲ့စာချုပ်သက်တမ်းက အခုနွေရာသီမှာကုန်ဆုံးမှာဖြစ်ပြီး အခုလထဲမှာပြည်ပကလပ်အသင်းတစ်ခုနဲ့ သဘောတူညီမှုရယူနိုင်ပေမယ့် အခုချိန်အထိ သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။

မာရှယ်ဟာ ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး ယူနိုက်တက်ဘက်က စာချုပ်ထဲမှာပါတဲ့ ၁ နှစ်သက်တမ်းတိုးခွင့်ကို အသုံးချဖို့အစီအစဉ်မရှိတာဖြစ်ပါတယ်။ အဲ့အစား ယူနိုက်တက်က မာရှယ်ကို ရာသီအကုန်မှာ အလွတ်နဲ့လက်လွှတ်ဖို့ ပြင်ဆင်နေပါတယ်။

မာရှယ်ဟာ ၃ နှစ်နီးပါးလောက် မိနစ် ၉၀ ပြည့်ကစားခွင့်မရပဲ ၂၀၂၂ တုန်းကလည်း ဆီဗီလာကို အငှားထွက် ကစားခဲ့ရပေမယ့် ခြေစွမ်းကောင်းမပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သားဟာ အခုရာသီကိုယူနိုက်တက်မှာပဲ ကုန်ဆုံးချင်နေပြီး နွေရာသီမှသာ အသင်းသစ်ရှာဖွေချင်နေပါတယ်။

အသက် ၂၈ နှစ်သားဟာ အခုလာမယ့်အပတ်တော့တင်ဟမ်နဲ့ပွဲမှာလည်း ပါဝင်လာဖွယ်ရှိနေပြီး ပြီးခဲ့တဲ့နောက်ဆုံး ၆ ပွဲကိုတော့ အဖျားဝေဒနာ နဲ့ ဒဏ်ရာပြဿနာတွေကြောင့် လွဲချော်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာရှယ် #ပရီးမီးယားလိဂ်