ရှေ့သို့
Image

အံ့အားသင့်ဖွယ်ဆုံးဖြတ်ချက်ဖြင့် ဘုန်းမောက်ကနေ ထုတ်ပယ်ခြင်းခံလိုက်ရတဲ့ ဂယ်ရီအိုနေးလ်

11:00 AM, 20 June

အသင်းအား ပရီးမီးယားလိဂ်တွင် ကျန်ရစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဂယ်ရီအိုနေးလ်ဟာ ဘုန်းမောက်ရဲ့ အံ့ဩဖွယ်ထုတ်ပယ်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ ပို့စ်မောက်နှင့် ဝက်စ်ဟမ်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ အသက် ၄၀ အရွယ်နည်းပြဟာ စကော့ပါကား ထုတ်ပယ်ခံရပြီးနောက် ၂၀၂၂ခုနှစ် စက်တင်ဘာလမှာ အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တာပါ။

သူ့ရဲ့လက်ထပ်အစမှာ ၅ ပွဲဆက် ရှုံပွဲမရှိခဲ့တာကြောင့် ကမ္ဘာ့ဖလားပွဲစဉ် ကစားနေချိန်မှာ အသင်းမှာရှိနေဖို့ အခွင့်အရေး ရှိခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလမှာ အိုနေးလ်ဟာ ၁၈ လ စာချုပ်ချုပ်ဆိုခဲ့ပြီး ဘုန်းမောက်ကို အဆင့် ၁၅ နေရာ ရရှိအောင်ပိုဆောင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၇ ပွဲ ကိုင်တွယ်ခဲ့ရာတွင် နိုင်ပွဲ ၁၁ ပွဲ ရရှိခဲ့ပါတယ်။ အခုတော့ ကလပ်ရှိသူ့ရဲ့တာဝန်တွေကို လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။

ဘုန်းမောက်အသင်းပိုင်ရှင်နဲ့ ဥက္ကဌဖြစ်သူ ဘီလ်ဖိုလေက လကပ်ရဲ့တရားဝင်ဝက်ဆိုဒ်သို့ "ပြီးခဲ့တဲ့ရာသီက ဂယ်ရီရဲ့အောင်မြင်မှုတွေက ကျွန်တော်အမြဲတမ်း ကျေးဇူးတင်နေမယ့်အရာပါ။ ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်သော်လည်း လာမယ့်ရာသီမတိုင်ခင် ကျွန်တော့်တို့ကိုယ်ကျွန်တော်တို့ အကောင်းဆုံးနေရာမှာရှိဖို့ စဉ်းစားခဲ့တာဖြစ်ပါတယ်။ ကလပ်အနေနဲ့ ကာလရှည်အောင်မြင်ဖို့ အခြေခံတွေတိုးတက်ဖို့ အထူးသဖြင့် လေ့ကျင့်ရေးပစ္စည်းကိရိယာတွေကို စီစဉ်နေတာဖြစ်ပြီး အသင်းရဲ့ကွင်းကိုပါ အဆင့်မြှင်တင်ဖို့ ဆွေးနွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်" "ဒီနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားခေါ်ယူဖို့ ပစ်မှတ်တွေ သတ်မှတ်ထားပြီး ပြောင်းလဲမှုကလည်း တည်ဆောက်ရာတွင် အကောင်းဆုံးနေရာကနေ ကူညီမယ်လို့ ယုံကြည်ပါတယ်။ ဂယ်ရီကလည်း နည်းပြချုပ် ဒါမှမဟုတ် မန်နေဂျာအနေနဲ့ လုပ်ဆောင်စရာတွေရှိမှာပါ၊ လက်ရှိအချိန်မှာကတော့ ပြောင်းလိုက်တာက ကလပ်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ ဂယ်ရီကို ကျေးဇူးတင်လိုပြီး သူ့ရဲ့အနာဂတ်အတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"လို့ ပြောထားပါတယ်။

ဩဂုတ် ၁၂ ရက်နေ့တွင် ရာသီအဖွင့်ပွဲစဉ်ကို အိမ်ကွင်းတွင် ဝက်စ်ဟမ်းနှင့် ကစားရမယ့် ဘုန်းမောက်ဟာ နည်းပြသစ်ခန့်အပ်မှုကို ချက်ချင်းဆိုသလို ကြေညာသွားမယ်လို့ ပြောထားပါတယ်။

#ဘုန်းမောက်လ် #ပရီးမီးယားလိဂ် #အိုနေးလ်