ရှေ့သို့
Image

ဝီဂန်နဲ့ ပွဲစဉ်မှာ ပင်နယ်တီရဖို့ ဒိုင်ဗင်ထိုးခဲ့တယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ ဘရူနိုဖာနန်ဒက်စ်

8:33 AM, 9 January

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ မနေ့ည ဝီဂန်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပင်နယ်တီရဖို့ ဒိုင်ဗင်ထိုးခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။ ယူနိုက်တက်တို့ နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ဒုတိယပိုင်းမှာ ရှိခဲ့တဲ့ ပင်နယ်တီဂိုးက အငြင်းပွားစရာဖြစ်နေခဲ့ပါတယ်။

ဝီဂန်ကစားသမားရဲ့ဖျက်ထုတ်မှုက ဘရူနိုရဲ့ခြေထောက်ကို ထိတယ်ဆိုပေမယ့် အားပါခြင်းတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဘရူနိုက အသင်းပင်နယ်တီရဖို့ အကြီးအကျယ် ထိခိုက်မိသလို လဲကျသွားခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ ရရှိလာတဲ့ပင်နယ်တီကိုလည်း ဘရူနိုကပဲ အပိုင်အဆုံးသတ်ကာ ယူနိုက်တက်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်ယူပေးခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကတော့ "ဘရူနိုဖာနန်ဒက်စ်ဟာ ပင်နယ်တီရဖို့ လှဲချခဲ့တယ်ဆိုပြီး စွပ်စွဲနေကြပါတယ်။ ပရိသတ်တစ်ဦးက ဘရူနိုက ဒုတိယတန်းကလပ်နဲ့ ကန်တဲ့အချိန်မှာ ဒိုင်ဗင်ထိုးခဲ့တာပဲ။ ဝီဂန်အတွက် နားလည်ပေးလို့ရပါတယ်။ ယူနိုက်တက်နဲ့ ဘရူနိုအတွက်ကတော့ ရှက်စရာပါပဲ"လို့ ရေးခဲ့ပါတယ်။ နောက်တစ်ဦးကလည်း "ဘရူနိုက သူထိခိုက်မိသွားတဲ့နေရာကိုတော့ မှန်အောင်မကိုင်နိုင်ခဲ့ပါဘူး"လို့ ဆိုခဲ့ပါတယ်။

ဒီလိုပင်နယ်တီရခဲ့ခြင်းအပေါ် ပရိသတ်တွေကတော့ ဘရူနိုလှဲချခဲ့တယ်ဆိုပြီး အခုလို ဝေဖန်နေကြတာကြောင့် တကယ်တမ်း ဘယ်လိုဖြစ်သွားလဲဆိုတာ ကာယကံရှင်ပဲသိမယ်လို့ ဆိုရမှာပါ။

#မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #အက်ဖ်အေဖလား #ဝီဂန်