ရှေ့သို့
Image

တော့တင်ဟမ်ကို အနိုင်ယူကာ ရမှတ် ၃မှတ်စုဆောင်းနိုင်ခဲ့တဲ့ ဗီလာ

10:35 PM, 1 January

တော့တင်ဟမ် ၀ - ၂ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်) 

ဘွန်ဒီယာ ၅၀မိနစ်

လူးဝဇ် ၇၄မိနစ် 


ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် နိုင်ပွဲလိုအပ်နေတဲ့ နည်းပြ ကွန်တီရဲ့ တော့တင်ဟမ်အသင်း တိုက်စစ်ပိုင်းကို အကောင်းဆုံး ပြင်ဆင်လာခဲ့ပေမဲ့ အခွင့်အရေးဖန်တီးနိုင်မှု နည်းပါးနေပြီး ဗီလာအသင်းရဲ့ နောက်တန်းကစားပုံကောင်းမွန်မှုကြောင့် သွင်းဂိုးတွေ သွင်းယူနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ဗီလာအသင်းက ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချကာ ဘွန်ဒီယာ၊ ဒေါက်ကလပ်စ်လူးဝဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ တော့တင်ဟမ်ကွင်းမှာ အနိုင် ၃မှတ်စုဆောင်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

#ဗီလာ #တော့တင်ဟမ် #ပရီးမီးယားလိဂ်